
မိသားစုတိုင်းအတွက် ကမ္ဘာသစ်တစ်ခုကနေ ကြိုဆိုလိုက်ပါတယ်။
မိသားစုကို အချိန်ပေးဖို့ နည်းလမ်းသစ်တွေ ဖန်တီးတတ်တာ၊ မိသားစုဝင် တစ်ယောက်ယောက်ရဲ့ အလုပ်တွေကူလုပ်ပေးဖို့ ကြိုးစားတာ၊ ဘယ်လိုပုံစံနဲ့ မိသားစုဖြစ်နေပါစေ မိသားစုလို သဘောထားပြီး ဖေးမကူညီပေးတဲ့ ချစ်ခြင်းမေတ္တာမျိုးတွေပေါ့။
ဒီလို ကြိုးစားလျှောက်လှမ်းနေကြတဲ့ မိသားစုတိုင်းကို ပရူဒန်ရှယ်အာမခံက အားပေးကူညီပေးသွားမှာပါ။ သင်လိုချင်တဲ့၊ လိုအပ်တဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ဝန်ဆောင်မှုအမျိုးမျိုးနဲ့အတူ သင့်ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်အောင် ကူညီပေးနေပါတယ်။ကဲ... ဒါဆို မိသားစုတိုင်းအတွက် ဖန်တီးပေးထားတဲ့ ကမ္ဘာသစ်တစ်ခု... သင့်ကို ပိုတိုးတက်၊ ကြီးပွားလာစေပြီး မိသားစုအတွက် ပိုလုပ်ဆောင်နိုင်အောင် ကူညီပေးမယ့် ကမ္ဘာသစ်တစ်ခုဆီ အတူတူ လျှောက်လှမ်းကြမယ့် ဒီခရီးစဉ်ကို စတင်လိုက်ကြပါစို့။

ပရူဒန်ရှယ်အာမခံအကြောင်း
အမေး၊ အဖြေ
Famvatar ဆိုတာ ဘာလဲ?
Famvatar ဆိုတာ အာရှဒေသတလွှားမှာရှိတဲ့ မတူညီကြတဲ့ မိသားစုပုံစံ အမျိုးမျိုးကို အားပေးထောက်ခံဖို့ ရည်ရွယ်ဖန်တီးပေးထားတဲ့ ပရူဒန်ရှယ်အာမခံရဲ့ avatar ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။ Famvatar အသုံးပြုပြီး ကိုယ်တိုင်နဲ့ ချစ်ခင်ရသူတွေကိုပါ ထည့်သွင်းနိုင်တဲ့ အုပ်စုလိုက် avatar ကိုယ်ပွားတွေကို နှစ်သက်သလို ပျော်ရွင်စွာ ဖန်တီးနိုင်ပါပြီ။
ကိုယ့်မိသားစုအတွက် Famvatar ကို ဘယ်လို ဖန်တီးလို့ရနိုင်မလဲ?
Famvatar ကို ဒီလင့်ခ်ကို နှိပ်ပြီး စတင်ဖန်တီးနိုင်ပါတယ်။ ဖန်တီးနေတဲ့ အချိန်အတွင်းမှာ ပြုလုပ်ပုံ လမ်းညွှန်ချက် အဆင့်ဆင့်ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ အရေးအကြီးဆုံး အချက်ကတော့ ဒါကိုလုပ်ဆောင်နေချိန်မှာ စိတ်ပျော်ရွှင်နေဖို့ပါပဲ။
ကိုယ့်ရဲ့ Famvatar ကို chat စတစ်ကာအဖြစ် ဘယ်လို ဒေါင်းလုတ်လုပ်ရမလဲ?
WhatsApp
- Web ဒါမှမဟုတ် Desktop မှာ သုံးတဲ့ WhatsApp အက်ပလီကေးရှင်းရဲ့ နောက်ဆုံးထွက်တဲ့ ဗားရှင်းရှိဖိလိုအပ်ပါတယ်
Mac နဲ့ desktop အတွက် ဒီနေရာမှာ ဒေါင်းလုတ် ရယူနိုင်ပါတယ် - WhatsApp အက်ပလီကေးရှင်းကို ဖွင့်ပြီး စကားဝိုင်းတစ်ခုခုကို ဝင်လိုက်ပါ
- စကားဝိုင်းထဲက ကလစ်ပုံ icon လေးကို နှိပ်ပြီး စတစ်ကာတွေကို ရှာပါ
စတစ်ကာဖိုင်ကို upload လုပ်ပါ။ - ပြီးရင် အရင်အတိုင်း အလွယ်တကူ ပို့လို့ရပါပြီ
သင့်စတစ်ကာတွေကို WhatsApp မှာ အသုံးပြုနိုင်ပါပြီ
Telegram
-
Telegram အက်ပလီကေးရှင်းကိုဖွင့်ပြီး လိုအပ်ရင် လော့ဂ်အင် ဝင်လိုက်ပါ
ရှာဖွေရန်နေရာမှာ "stickers" လို့ ရိုက်ရှာလိုက်ပါ။ Telegram စတစ်ကာ bot ကို နှိပ်ပါ။ -
စတင်ဖို့ start ကို နှိပ်ပါ
ပြီးရင် စကားပြောတဲ့နေရာမှာ "newpack" လို့ ရိုက်ပါ။ -
ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ပါ
စတစ်ကာ ဖန်တီးပုံအဆင့်ဆင့်ကို bot က ပြသပေးပါလိမ့်မယ်။
ကိုယ့်ရဲ့ Famvatar ကို ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်လို မျှဝေရမလဲ?
Famvatar ကို ပြန်မျှဝေလို့ရတဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ သင့်ရဲ့ Famvatar ဖန်တီးလို့ပြီးပြီဆိုရင် မျှဝေချင်တဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းရဲ့ icon လေးကို နှိပ်လိုက်ပါ။ အခြားနည်းလမ်းကတော့ ကိုယ်တင်လိုက်တဲ့ အကြောင်းအရာထဲမှာ Famvatar ကို လှလှပပ ထည့်သွင်းပြီး အားလုံးနဲ့ မျှဝေလိုက်ပါ။ ဖန်တီးမှု တစ်ခုစီတိုင်းကို ပရူဒန်ရှယ်အာမခံက ကြည့်ရှု၊ ဂုဏ်ပြုပေးချင်တာကြောင့် #MadeForEveryFamily နဲ့ #PruFamvatarMM ဆိုတဲ့ hashtags တွေ သုံးပြီး မျှဝေပေးဖို့ မမေ့ပါနဲ့ဦး!
ကိုယ့်မိသားစုအတွက် အာမခံထုတ်ကုန်တွေကို ဘယ်နေရာမှာ လေ့လာလို့ရမလဲ။
#MadeForEveryFamily မှာ ပါ၀င်တဲ့ ကျန်းမာရေးနဲ့ ကြိုတင်ကာကွယ်ရေးဆိုင်ရာ အာမခံထုတ်ကုန်တွေကို ဒီနေရာမှာ ပိုမိုလေ့လာနိုင်ပါတယ်။ နောက်တစ်နည်းအနေနဲ့ ပရူဒန်ရှယ်အာမခံရဲ့ ဆက်သွယ်ရန်ဖောင်ကနေတစ်ဆင့် ဆက်သွယ်နိုင်ပြီး ပရူဒန်ရှယ်အာမခံအဖွဲ့သားတွေက အမြန်ဆုံး ပြန်လည် ဆက်သွယ်ပေးသွားမှာဖြစ်ပါတယ်။
Famvatar ဘယ်နှစ်ခုလောက် ဖန်တီးနိုင်မလဲ?
မိသားစုပုံစံ အမျိုးမျိုးရှိတဲ့အတွက် သင်ကြိုက်တဲ့ Famvatar ပုံစံမျိုးစုံကို စိတ်ကြိုက်ဖန်တီးလို့ ရမှာပါ။
Famvatar ကို ဘယ်လို ပြန်ပြင်လို့ရလဲ?
Famvatar ကို ဖန်တီးနေတဲ့အချိန်မှာပဲ ပြင်လို့ရမှာပါ။ လောလောဆယ်တော့ သင့်ရဲ့ Famvatar ကို ဖန်တီးပြီးတဲ့အချိန်မှာ ပြန်ပြင်လို့ရတော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်မိသားစုကို အကောင်းဆုံး ပုံဖော်ပေးနိုင်မယ့် Famvatar အသစ်အသစ်တွေကိုတော့ စိတ်ကြိုက်ဖန်တီးလို့ရနိုင်ပါတယ်။
စတစ်ကာ pack တွေကို ဘယ်နေရာကနေ ဒေါင်းလုတ်လုပ်လို့ရမလဲ/ရှာလို့ရမလဲ?
ပျော်စရာ အပြည့်နဲ့ Famvatar chat စတစ်ကာ pack တွေက Famvatar တစ်ခု ဖန်တီးလို့ပြီးတိုင်း အောက်ဘက်မှာ ဒေါင်းလုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ လောလောဆယ်မှာတော့ pack (၂) ခုရှိပါတယ် - အခမဲ့ ရယူနိုင်တဲ့ pack တစ်ခုနဲ့ သင့်ရဲ့ ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ ထည့်လိုက်ရုံနဲ့ ရယူနိုင်မယ့် အပိုဆု pack တစ်ခုပါ။
ဒေါင်းလုတ်ရယူပြီးတာနဲ့ ပြထားတဲ့ အဆင့်တွေအတိုင်း လိုက်လုပ်ပြီး သင်ကြိုက်နှစ်သက်ရာ chat ပလက်ဖောင်းတွေပေါ်မှာ အသုံးပြုနိုင်ပါပြီ။