English
we do family

ကမ္ဘာသစ်တစ်ခု ဖန်တီးဖို့ အဆင်သင့်ပဲလား မိသားစုတိုင်းအတွက်

Create your Famvatar
we do

မတူညီကြတဲ့ မိသားစုတွေကို အတူတူ ဂုဏ်ပြုနိုင်မယ့် ပျော်စရာအချိန်တွေ ရောက်ရှိလာပါတော့မယ်! သင်နဲ့ သင်ချစ်ခင်ရသူတွေမှာ ဘယ်လိုပဲ ကွဲပြားခြားနားတဲ့ အချက်တွေ ရှိနေပါစေ ပရူဒန်ရှယ်အာမခံက အားပေးထောက်ခံနေပါတယ်။ ပြီးတော့ သင်လိုချင်တဲ့၊ လိုအပ်တဲ့ အရာတွေကို ကာကွယ်ပေးရင်း ဘဝကို အကောင်းဆုံးဖြတ်သန်းနိုင်အောင် ကူညီပေးနေပါတယ်။ ဒါတွေကို သင့်ကိုယ်ပိုင် Famvatar တစ်ခုနဲ့ စတင်လိုက်ပါ Famvatar ဆိုတာ ပရူဒန်ရှယ်အာမခံမှာပဲ ရနိုင်တဲ့ ဒစ်ဂျစ်တယ်အသုံးပြု အတွေ့အကြုံတစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ မိသားစုဝင်တွေပါ ထည့်လို့ရတဲ့ အုပ်စုလိုက် avatar ကိုယ်ပွားတွေကို chat စတစ်ကာတွေအပြင် တခြားပျော်စရာကောင်းတဲ့ အရာတွေ ဖန်တီးနိုင်မှာပါ။ သင်နဲ့အတူတူ #MadeForEveryFamily ဆိုတဲ့ မိသားစုတိုင်းအတွက် ကမ္ဘာသစ်တစ်ခု ဖန်တီးဖို့ မတူညီတဲ့ မိသားစုတွေ ပါဝင်လာမယ့် ဒီခရီးလမ်းကို စတင်လိုက်ချင်ပါပြီ။
Step 1

သင့်ရဲ့ Famvatar chat စတစ်ကာလေးတွေနဲ့အတူ နေ့ရက်တိုင်း မိသားစုအတွက် ပျော်စရာတွေ ဖန်တီးလိုက်ပါ

သင်နဲ့ ပုံစံတူ Famvatar ကိုယ်ပွားလေး ဖန်တီးလိုက်ပါ။ ပြီးရင် chat စတစ်ကာတွေကို ဒေါင်းလုတ်ရယူပြီး အုပ်စုလိုက် စကားပြောခန်းကို ပိုပျော်ဖို့ကောင်းအောင် မြှင့်တင်လိုက်ပါ။
အသေးစိတ် ကြည့်ရှုရန်

သင့်ရဲ့ Famvatar ကို လွယ်ကူရိုးရှင်းတဲ့ အဆင့် (၃) ဆင့် နဲ့ ဖန်တီးလိုက်ပါ!

Step 1

အဆင့် ၁။ :သင့်စိတ်ကြိုက် ကိုယ်ပိုင် Famvatar ကို စတင်ဖန်တီးဖို့ တစ်ဦးချင်းစီ ဓါတ်ပုံ သို့ ကိုယ်တိုင်ရိုက် ဆဲလ်ဖီဓါတ်ပုံကို ထည့်သွင်းပါ။

သင့်ရဲ့ အကောင်းဆုံး ရုပ်ပုံကို ရွေးချယ်ပါ။ ဆယ်လ်ဖီပုံရိုက်ရင် အလှဆုံး ပြုံးထားဖို့ မမေ့ပါနဲ့ဦး!
သင့် ကိုယ်ပွား Famvatar ဖန်တီးလိုက်ပါ
Step 2

အဆင့် ၂။:သင့် Famvatar ကိုယ်ပွားကို နှစ်သက်သလို ပုံဖော်ပါ။

နှစ်ယောက်မရှိနိုင်တဲ့ သင့်ကိုယ်ပိုင် Famvatar ကို ပျော်ရွှင်စွာနဲ့ တမူထူးခြားအောင် ဖန်တီးလိုက်ပါ
Step 3

အဆင့် ၃။:မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို ကြွားလိုက်ပါဦး

အခမဲ့ နဲ့ အပိုဆုရထားတဲ့ chat စတစ်ကာတွေကို အုပ်စုလိုက် စကားဝိုင်းတွေမှာ လိုက်ပို့ရင်း ကိုယ့်ရဲ့ Famvatar က စတားဖြစ်နိုင်ပါပြီနော်။ အားလုံးအတူတူ ပျော်ရအောင် သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်လိုက်ပါဦး!
ခုပဲ စတင်လိုက်ပါ

Round 1 Bi Weekly Winners Announcement

Click Here to View

Round 2 Bi Weekly Winners Announcement

Click Here To View

Made For Every Family

“Made For Every Family Famvatar – Quality Time Campaign” (“ကမ်ပိန်း”) ကို ပရူဒန်ရှယ်အာမခံ (“Prudential Myanmar”) မှ ကြီးမှူးကျင်းပခြင်းဖြစ်ပါသည်။ ကမ်ပိန်းကာလသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ   ရက်နေ့မှ စတင်ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၆ ရက်နေ့ (မြန်မာစံတော်ချိန်) ၂၃ နာရီ ၅၉ မိနစ်အထိ (“ကမ်ပိန်းကာလ”) ဟု သတ်မှတ်ပါသည်။ ဤကမ်ပိန်းအတွက် ပါဝင်ယှဉ်ပြိုင်မှုများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ၂၆ ရက်နေ့ (မြန်မာစံတော်ချိန်) ၂၃ နာရီ ၅၉ မိနစ်အထိ နောက်ဆုံးထား ပါဝင်နိုင်ပါသည်။ အထူးဆုရှင်များနှင့် လူကြိုက်အများဆုံးဆုရှင်များကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကြေညာပေးသွားမည် ဖြစ်ပါသည်။

 

ကမ်ပိန်းတွင် ပါဝင်ခြင်းဖြင့် ပြိုင်ပွဲဝင်များ (“သင်) အနေဖြင့် ဤစာမျက်နှာတွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များကို လိုက်နာရန် သဘောတူညီပြီး ဖြစ်သည်ဟု ယူဆပါသည်။

 

ပါဝင်ယှဉ်ပြိုင်ရန် လုပ်ဆောင်ရမည့်အဆင့်များနှင့် ဆုများ

 

အဆင့် ၁ - ပြိုင်ပွဲဝင်များသည် ဖော်ပြပါလင့်ခ် - https://www.prudential.com.mm/mm/we-do-family တွင် Famvatar စတစ်ကာများ ဖန်တီးရပါမည်။

 

Famvatar စတစ်ကာများတွင် ပြိုင်ပွဲဝင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ ပါရှိရမည်။ ပြိုင်ပွဲဝင်များအနေဖြင့် Famvatar စတစ်ကာများကို ဝက်ဘ်ဆိုက်ပေါ်မှတစ်ဆင့်သာ ဒေါင်းလုတ်ရယူနိုင်ပြီး အပိုဆု စတစ်ကာများ ရယူရန် ဝက်ဘ်ဆိုက်တွင် အွန်လိုင်းဖောင်တစ်ခုကို ဖြည့်စွက်ရန် လိုအပ်ပါသည်။

 

အဆင့် ၂ - ပြိုင်ပွဲဝင်များသည် ဒေါင်းလုတ်ဆွဲထားသော Famvatar စတစ်ကာများကို မိသားစုနှင့် ကုန်ဆုံးခဲ့သော အဓိပ္ပာယ်ရှိသည့် အချိန်များထဲမှ အမှတ်ရစရာ ဇာတ်လမ်း အကြောင်း‌အရာတစ်ခုနှင့်အတူ Facebook အကောင့်တွင် တင်ပေးရမည်။ အောက်ပါ ခေါင်းစဉ်နှစ်ခုအတွင်း အမှတ်တရ အကြောင်းလေးတစ်ခုအား ရေးသားနိုင်ပါသည်။

 

က) ရင်သွေးငယ်များ၏ အနာဂတ်ဘဝ လှပအောင် ကူညီဖန်တီးပေးခဲ့သောအကြောင်း (သို့) #FamilyTimeForBrighterFuture

ခ) ကျန်းမာကြံ့ခိုင်ရေး လှုပ်ရှားမှုများတွင် ပါဝင်ကြခဲ့သောအကြောင်း #FamilyTimeForWellness

 

ပြိုင်ပွဲဝင်များ ရွေးချယ်ထားသော ခေါင်းစဉ်အလိုက် ရေးထားသော အကြောင်းအရာများတွင် သက်ဆိုင်သော hashtagများပါ ထည့်ပေးရန်လိုအပ်သည်။ ပြိုင်ပွဲဝင်များသည် မိမိ၏ Facebook အကောင့်တွင် ပိုစ့်တင်ရာတွင် အများမြင် ဆက်တင်ဖြင့် တင်ရမည် ဖြစ်ပါသည်။

 

 ပြိုင်ပွဲဝင်များ၏ ပိုစ့်များတွင် အောက်ပါအချက်များ မဖြစ်မနေ ပါရှိရမည် ဖြစ်သည်။

 

က) Famvatar စတစ်ကာ

ခ) မိသားစုနှင့် အဓိပ္ပာယ်ရှိသော အချိန်များ မည်ကဲ့သို့ ကုန်ဆုံးခဲ့သည်ကို ရေးသားထားသော အကြောင်းအရာ

ဂ) ရွေးထားသော ခေါင်းစဉ်နှင့် သက်ဆိုင်သည့် Hashtag များ

  • Theme ၁ - ရင်သွေးငယ်များ ကောင်းမွန်စွာ ကြီးပြင်းလာစေဖို့ ပံ့ပိုးပေးနိုင်မည့် အရာ အသစ်များကို အတူတူ ရှာဖွေ/စူးစမ်း ကြည့်ချင်သော မိသားစုများ - #FamilyTimeForBrighterFuture #PRUFamvatarMM #MadeForEveryFamily
  • Theme ၂ - ကျန်းမာရေးပိုကောင်းလာစေရန် ရည်မှန်းထားသော မိသားစုများ (သို့) ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ရသည်ကို ကြိုက်နှစ်သက်သည့် မိသားစုများ #FamilyTimeForWellness #PRUFamvatarMM #MadeForEveryFamily

 

ရွေးချယ်ခံရသော အနိုင်ရရှိသူများကို ပေးအပ်မည့် ဆုလက်ဆောင်များသည် ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ရာတွင် ရွေးချယ်ထားသည့် အကြောင်းအရာ ခေါင်းစဉ်အပေါ်တွင် မူတည်သည်။

 

အဆင့် ၃ - Facebook ပို့စ်တင်ပြီးနောက် ပြိုင်ပွဲဝင်များသည် မိမိ၏ ပို့စ်အား screenshot ရယူပြီး အဆိုပါ screenshot အား ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ တိုင်းမ်လိုင်း ၏ အပေါ်ဆုံးတွင် pin တွဲထားသော ကမ်ပိန်းမိတ်ဆက် ဗီဒီယိုပို့စ် (ဗီဒီယိုလင့်ခ်) တွင် မှတ်ချက်ဝင်ရေးပြီး မျှဝေပေးရမည်။

 

ဆုလက်ဆောင်များ

 

ပြိုင်ပွဲဝင်များသည် အောက်ပါနည်းလမ်း ၃ ခုအတိုင်း ဆုလက်ဆောင်များ ရရှိခံစားနိုင်မည် ဖြစ်သည် -

 

နှစ်ပတ်တစ်ကြိမ် အနိုင်ရရှိသူ ရွေးချယ်ပေးခြင်း - random.org ကို အသုံးပြု၍ လေးကြိမ် မဲနှိုက်ရွေးချယ်ပေးသွားမည် ဖြစ်သည်။

 

  • ကံစမ်းမဲ ၁ - ကမ်ပိန်းစတင်ပြီးနောက် နှစ်ပတ်အကြာ (ပထမအသုတ်သည် ဇူလိုင်လ ၁၅ ရက်နေ့တွင် ပြီးဆုံးမည်)
  • ကံစမ်းမဲ ၂ - ကံစမ်းမဲ ၁ ရွေးချယ်အပြီး နှစ်ပတ်အကြာ (ဒုတိယအသုတ်သည် ဇူလိုင်လ ၂၉ ရက်နေ့တွင် ပြီးဆုံးမည်)
  • ကံစမ်းမဲ ၃ - ကံစမ်းမဲ ၂ ရွေးချယ်အပြီး နှစ်ပတ်အကြာ (တတိယအသုတ်သည် ဩဂုတ်လ ၁၂ ရက်နေ့တွင် ပြီးဆုံးမည်)
  • ကံစမ်းမဲ ၄ - ကံစမ်းမဲ ၃ ရွေးချယ်အပြီး နှစ်ပတ်အကြာ (စတုတ္ထအသုတ်သည် ဩဂုတ်လ ၂၆ ရက်နေ့တွင် ပြီးဆုံးမည်)

 

နှစ်ပတ်တစ်ကြိမ် အနိုင်ရရှိသူ ရွေးချယ်ပေးမည့် ပုံစံတွင် ပြိုင်ပွဲဝင် မည်သူမဆို ပါဝင်ခွင့်ရမည် ဖြစ်ပြီး ပြိုင်ပွဲဝင်တစ်ဦးလျှင် Bi-Weekly ဆု တစ်ကြိမ်သာ ရယူနိုင်မည် ဖြစ်ပါသည်။

 

အထူးဆု ရရှိသူများ - ကမ်ပိန်းကာလအပြီးတွင် ပရူဒန်ရှယ်အာမခံမှ အောက်ပါ စည်းမျဉ်းများအတိုင်း အထူးဆုရှင်များကို ရွေးချယ်ပေးသွားမည်။

  • တီထွင်ဖန်တီးနိုင်စွမ်း ၅၀% - စတစ်ကာ ဖန်တီးပုံနှင့် အကြောင်းအရာ တင်ဆက်ပုံ
  • ဆန်းသစ်သော အတွေးအခေါ် ၂၅% - Famvatar လုပ်ဆောင်ချက်များနှင့် အကြောင်းအရာကို ဆန်းသစ်စွာ အသုံးချပုံ
  • စစ်မှန်မှု ၂၅% - မိသားစုနှင့် အဓိပ္ပာယ်ရှိသော အချိန်များ အမှန်တကယ် ကုန်ဆုံးခဲ့ပုံ

 

စုစုပေါင်း အထူးဆု ရရှိသူ (၂) ဦး ရှိပါမည် -

  • #FamilyTimeForBrightFuture ခေါင်းစဉ်အောက်တွင် အထူးဆု ရရှိသူ (၁) ဦး
  • #FamilyTimeForWellness ခေါင်းစဉ်အောက်တွင် အထူးဆု ရရှိသူ (၁) ဦး

 

လူကြိုက်အများဆုံးဆုများ ရွေးချယ်ပေးခြင်း - လူကြိုက်အများဆုံးဆုရရှိသူ (၃) ဦးကို ရွေးချယ်မည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်ပိုစ့်များတွင် စုစုပေါင်း like နှင့် reaction အရေအတွက် အများဆုံးရရှိသော ပြိုင်ပွဲဝင်များကို ဆုလက်ဆောင်များ ပေးသွားမည် ဖြစ်သည်။

 

စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

 

၁။ ဤကမ်ပိန်းသည် မြန်မာနိုင်ငံတွင် လက်ရှိနေထိုင်နေပြီး အသက် ၁၈ နှစ် နှင့်အထက် မည်သူမဆို ပါဝင်ယှဉ်ပြိုင် နိုင်ပါသည်။ သို့သော် ပြိုင်ပွဲဝင်များ၏ အသက် ၁၈ နှစ် မပြည့်သေးသည့် မိသားစုဝင်များ သို့မဟုတ် ဆွေမျိုးသားချင်းများကို ၎င်းတို့၏ Famvatar စတစ်ကာများတွင် ထည့်သွင်းနိုင်ပါသည်။ ပြိုင်ပွဲ၀င်တစ်ဦးသည် အကြောင်းအရာတစ်ခုကို Facebookအကောင့် တစ်ခုဖြင့်တစ်ကြိမ်သာ ဤကမ်ပိန်းတွင်ပါ၀င် နိုင်ပါသည်။

 

၂။ ဤကမ်ပိန်းတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ပြိုင်ပွဲဝင်များသည် ၎င်းတို့၏ ရေးသားယှဉ်ပြိုင်မှုနှင့် ကမ်ပိန်းနှင့်ဆက်စပ်ပြီး အများမြင်စေရန် မျှဝေထားသော အရာများကို ပရူဒန်ရှယ်အာမခံက အသုံးပြုခွင့်ရှိကြောင်း သဘောတူညီပြီးဖြစ်ပါသည်။ သို့သော် ပြိုင်ပွဲဝင်များ၏ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ပေးရန် ပရူဒန်ရှယ်အာမခံက ကိုယ်ရေးကိုယ်တာ အချက်အလက် အသေးစိတ်များကို ထုတ်ဖော်ပြသမည် မဟုတ်ပါ။

 

၃။ အနိုင်ရရှိသူများနှင့် ၎င်းတို့၏ မိသားစုဝင်များသည် ကမ်ပိန်းနှင့်ဆက်စပ်ပြီး ပရူဒန်ရှယ်အာမခံမှ ဆက်သွယ်ပြောဆိုရန်နှင့် အများကြည့်ရှုနိုင်ရန် ဖန်တီးသောအရာများအတွက် ထပ်မံပြုလုပ်မည့် ဗီဒီယိုအကြောင်းအရာတွင် ပါဝင်ရန် သဘောတူညီပါသည်။

 

ဤကမ်ပိန်းတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ပြိုင်ပွဲဝင်များသည် ပြိုင်ပွဲဝင်ပိုစ့်များနှင့် ပြိုင်ပွဲဝင်ပိုစ့်နှင့် ပုံစံတူ အခြားသော ဉာဏပစ္စည်းမူပိုင်ခွင့်များ၊ အဆိုပါ ပုံစံတူဉာဏပစ္စည်းအတွက် မူပိုင်ခွင့်များအပါအဝင် ဈေးကွက်ချဲ့ထွင်ခြင်း၊ ကြော်ငြာခြင်းနှင့် ရောင်းဝယ်ခြင်းဆိုင်ရာ ရည်ရွယ်ချက်များအတွက် ပြိုင်ပွဲဝင်ပိုစ့်များကို ပြောင်းလဲပြင်ဆင်ခြင်း၊ မှီငြမ်းခြင်း (သို့) ပြုပြင်ခြင်း ပြုလုပ်နိုင်ခွင့် အားလုံးကို ပရူဒန်ရှယ်အာမခံအား ကမ္ဘာတစ်ဝန်းတွင် အသုံးပြုနိုင်သော မူပိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်၊ အကျိုးအမြတ် ရရှိခွင့်ကို လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်ကြောင်း၊ ယခု ကမ်ပိန်းအား ရည်ရွယ်ပြီး (သို့) ဆက်စပ်ပြီးဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ၊ တိုက်ရိုက်ဈေးကွက်ရှာဖွေခြင်း သို့မဟုတ် အီလက်ထရွန်းနစ် အသုံးချ ဈေးကွက်ရှာဖွေခြင်းမှဖြစ်စေ ပေါ်ပေါက်လာသော မည်သည့်အသုံးပြုမှု တစ်စုံတစ်ရာအတွက်ကိုမဆို ပရူဒန်ရှယ်အာမခံက နစ်နာကြေး ပေးရန် မလိုအပ်ကြောင်း သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။

 

ပြိုင်ပွဲဝင်အနေဖြင့် (သို့မဟုတ်) ပရူဒန်ရှယ်အာမခံအနေဖြင့် ဤနေရာတွင် ပရူဒန်ရှယ်အာမခံအား ကတိကဝတ်ပြုထားသော အဆိုပါ မူပိုင်ခွင့်များ အားလုံးကို ရရှိကြောင်း အတည်ဖြစ်စေရန် လိုအပ်သော ဆောင်ရွက်ရမည့် အရာများအားလုံးနှင့် လုပ်ဆောင်ရမည့် စာရွက်တမ်းများ အားလုံးကို လိုက်နာဆောင်ရွက်ပါမည်။

 

၄။ ပရူဒန်ရှယ်အာမခံမှ အထူးဆုနှင့် လူကြိုက်အများဆုံးဆု ရရှိသူများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။

 

၅။ ပရူဒန်ရှယ်အာမခံအနေဖြင့် ဆုရရှိသူများကို Prudential Myanmar Facebook စာမျက်နှာတွင် ကြေညာသွားပါမည်။ ကြေညာချက်တွင် ဆုရရှိသူများသည် ၎င်းတို့ရရှိမည့် ဆုများအား မည်ကဲ့သို့ လက်ခံရရှိနိုင်မည်ကို ဖော်ပြထားသော အချက်အလက်များ ပါဝင်ပါမည်။

 

နှစ်ပတ်တစ်ကြိမ် မဲနှိုက်ရွေးချယ်ရာတွင် အနိုင်ရရှိသူများသည် မိမိတို့၏ ဆုလက်ဆောင်များကို ရယူရန် ပရူဒန်ရှယ်အာမခံ၏ Facebook Messenger မှတဆင့် ဆက်သွယ်နိုင်ပါသည်။ ပရူဒန်ရှယ်အာမခံ က အထူးဆုရှင်များနှင့် လူကြိုက်အများဆုံး ဆုရရှိသူများကိုသာ Facebook Messengerမှတစ်ဆင့် ဆက်သွယ်ပြီး ဆုလက်ဆောင် ပေးပို့ဖို့အတွက် ဖုန်းခေါ်ဆို ဆွေးနွေးသွားမည် ဖြစ်ပါသည်။

 

ရွေးချယ်ခံရသူများအားလုံးသည် ပရူဒန်ရှယ်အာမခံမှ ရွေးချယ်ခံရသူစာရင်း ကြေညာပြီး (သို့) အကြောင်းကြားစာ ပေးပို့ပြီး (၁) လ အတွင်း အကြောင်းပြန်ရန် လိုအပ်ပါသည်။ အကယ်၍ သတ်မှတ်ကာလအတွင်း မဆက်သွယ်ပါက ဆုလက်ဆောင်အား လက်လွှတ်ဆုံးရှုံးမည် ဖြစ်သည်။

 

၆။ ပရူဒန်ရှယ်အာမခံက ပစ္စည်းပို့ဆောင်ပေးသော ဝန်ဆောင်မှုကို အသုံးပြုပြီး ဆုရရှိသူတစ်ဦးချင်းစီ၏ နေရပ်လိပ်စာများထံသို့ ဆုလက်ဆောင်များကို ပေးပို့ပေးသွားမည်။ ပို့ဆောင်ခအား ပရူဒန်ရှယ်အာမခံမှ ကျခံပေးသွားမည် ဖြစ်သည်။ ပရူဒန်ရှယ်အာမခံက ဆုလက်ဆောင်များကို ဆုရရှိသူစာရင်း ကြေညာပြီးသည့်နောက် (၃) လ အတွင်း ပို့ဆောင်ပေးမည် ဖြစ်သည်။

 

၇။ ဆုရရှိသူစာရင်း ကြေညာချိန်တွင် အများမြင် ဆက်တင်ဖြင့် မျှဝေထားသော Famvatar Family Time ပြိုင်ပွဲဝင်ပိုစ့်သည် ဆုရရှိသူ၏ Facebook တိုင်းမ်လိုင်းတွင် ရှိနေရမည် ဖြစ်သည်။ (အဆိုပါ ကိစ္စရပ်အတွက် ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်ပါသည်။) သို့မဟုတ်ပါက သက်ဆိုင်ရာ ဆုရရှိသူများသည် ထပ်မံအကြောင်းကြားမှု တစ်စုံတစ်ရာ ပြုလုပ်ရန်မလိုဘဲ ဆုရရှိရန် သတ်မှတ်ချက်မပြည့်မီဟု ဆုံးဖြတ်နိုင်သည်။ ပရူဒန်ရှယ်အာမခံသည် ဆုရရှိသူစာရင်းကြေညာပြီး နောက်ပိုင်းတွင်လည်း ဆုရရှိသူ ရွေးချယ်ခြင်း၊ စိစစ်သတ်မှတ်ခြင်းနှင့် ပတ်သက်ပြီး ထပ်မံ အတည်ပြုခွင့် ရှိသည်။

 

၈။ ဖော်ပြထားသည့် ဆုလက်ဆောင်ပုံများသည် နမူနာပုံစံအတွက်သာ အသုံးပြုထားခြင်း ဖြစ်ပါသည်။ အမှန်တကယ် ပေးအပ်ချီးမြှင့်မည့် ဆုများသည် အရောင် နှင့် ပုံစံအရွယ်အစား ကွဲပြားမှုရှိနိုင်ပါသည်။ အနိုင်ရရှိသည့် ဆုလက်ဆောင်များအားလုံးကို ငွေသားနှင့် လဲလှယ်ခွင့်မရှိပါ။

 

၉။ ပေးအပ်ချီးမြှင့်မည့် ဆုလက်ဆောင်များသည် အခြား မည့်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်းကမှ ပံ့ပိုးကူညီထားခြင်း မရှိပါ။

 

၁၀။ Prudential Myanmar မဟုတ်သော အခြားအမှတ်တံဆိပ် သို့မဟုတ် အဖွဲ့အစည်းများက ယခုကမ်ပိန်းတွင် ပါဝင်ပံ့ပိုးပေးထားခြင်း မရှိပါ။

 

၁၁။ ပရူဒန်ရှယ်အာမခံနှင့် သက်ဆိုင်ရာ မိဘများ၊ မိတ်ဖက်များ၊ လုပ်ငန်းခွဲများနှင့် ဆက်စပ်ကုမ္ပဏီများ၊ ၎င်းတို့နှင့် ဆက်စပ်နေသည့် ကြော်ငြာ သို့မဟုတ် အရောင်းမြှင့်တင်ရေး အေဂျင်စီများ သို့မဟုတ် ၎င်းတို့၏ ဝန်ထမ်းများ၊ ဒါရိုက်တာများ၊ အဖွဲ့ဝင်များ၊ ရှယ်ယာရှင်များ၊ ရှေ့နေများ၊ ကိုယ်စားလှယ်များနှင့် အေးဂျင့်များသည် (မိတ်ဖက်များဟု စုစည်းခေါ်ဝေါ်မည်) ပြိုင်ပွဲဝင်များ၏ လျှောက်လွှာများ၊ ပြိုင်ပွဲဝင်လျှောက်လွှာများကို အသုံးပြုခြင်း၊ ကမ်ပိန်းတွင် ပါဝင်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်ပိုစ့်များ သိုမဟုတ် ကမ်ပိန်းနှင့်ဆက်စပ်သည့် အခြားလှုပ်ရှားမှုများတွင် ပါဝင်ခြင်းများမှ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ မတော်တဆဖြစ်စေ၊ နောက်ဆက်တွဲအကျိုးဆက်ကြောင့်ဖြစ်စေ၊ ရွေးချယ်ခံ (သို့) ပစ်မှတ်ထားခံရသော ထိခိုက်ဆုံးရှုံးမှုများကြောင့်ဖြစ်စေ အပါအဝင် အခြား ဖော်ပြမထားသော အကြောင်းအရာများကြောင့်ဖြစ်စေ ပေါ်ပေါက်လာသော မည်သည့် ထိခိုက်နစ်နာမှုများ (သို့) ဆုံးရှုံးမှုများကို ပရူဒန်ရှယ်အာမခံမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိစေရပါ။

 

ဤကမ်ပိန်းတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ပြိုင်ပွဲဝင်များသည် အပြည့်အဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရှိလာနိုင်သည့် (သို့မဟုတ်) ပေါ်ပေါက်လာနိုင်သည့် လုပ်ပိုင်ခွင့်များ၊ ရပိုင်ခွင့်များ၊ တောင်းဆိုချက်များ၊ လုပ်ဆောင်ချက်၏ ရလဒ်များ၊ ဆုံးရှုံးမှုများ၊ ထိခိုက်နစ်နာမှုများ၊ ကုန်ကျစရိတ်များ၊ အသုံးစရိတ်များ စသည့် တစ်ခုခုဖြစ်စေ၊ အားလုံးဖြစ်စေ ပရူဒန်ရှယ်အာမခံနှင့် ၎င်း၏မိတ်ဖက်များပေါ် သက်ရောက်မှု မရှိစေကြောင်း သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။

 

၁၂။ ပြိုင်ပွဲမှနှုတ်ထွက်လိုသည့် ပြိုင်ပွဲဝင်များသည် အနိုင်ရရှိသူစာရင်း မထုတ်ပြန်မီ ပရူဒန်ရှယ်အာမခံကို ကြိုတင်အကြောင်းကြားရပါမည်။ အကြောင်းကြားလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်းနံပါတ် - ၀၉ ၇၇၀ ၁၁၀၀၁၀ ကို ခေါ်ဆိုပြီး သို့မဟုတ် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ၏ Messenger တွင် စာပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

 

အကယ်၍ ပြိုင်ပွဲတွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါက ပြိုင်ပွဲဝင်များအား စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ၊ သေချာစွာ ဖတ်ရှုပြီး နားလည်သဘောပေါက်၊ သဘောတူလက်ခံပြီးဖြစ်သည်ဟု သတ်မှတ်သည်။

 

၁၃။ ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ဖော်ပြပါ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပြိုင်ပွဲအား ပြင်ဆင်/ဖျက်သိမ်းခြင်း အချိန်မရွေး ပြုလုပ်နိုင်ပါသည်။

 

၁၄။ အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပရူဒန်ရှယ် အာမခံ၏ ဆုံးဖြတ်ချက်သာလျင် အတည်ဖြစ်ပါသည်။

 

၁၅။ ပရူဒန်ရှယ်အာမခံမှ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များအတွက် အီးမေးလ် သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ်မှတစ်ဆင့် လူကြီးမင်းအား ဆက်သွယ်နိုင်သည်။

 

၁၆။ Famvatar ကမ်ပိန်းတွင် ပါဝင်ယှဉ်ပြိုင်လိုသူများ သို့မဟုတ် ကမ်ပိန်းအကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉ ၇၇၀ ၁၁၀ ၀၁၀ သို့ အလုပ်ချိန်အတွင်း (တနင်္လာနေ့ မှ သောကြာနေ့ ၀၉:ဝo မှ ၁၇:၀၀) ဆက်သွယ်နိုင်ပါသည်။ သိုမဟုတ် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ၏ Messenger တွင် စာပို့ပြီး ဆက်သွယ်အကြောင်းကြားနိုင်ပါသည်။

 

၁၇။ ပရူဒန်ရှယ်အာမခံ၏ ဝန်ထမ်းများ၊ စာချုပ်ဖြင့် လုပ်ကိုင်နေသော ဝန်ထမ်းများနှင့် အာမခံ အရောင်းကိုယ်စားလှယ်များ အားလုံး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါ။

FAQs for Famvatar Campaign

Famvatar ကမ်ပိန်းမှာ ဘယ်လိုပါဝင် ယှဉ်ပြိုင်နိုင်မလဲ?

အဆင့် ၁ - ပြိုင်ပွဲဝင်တွေအနေနဲ့ ကိုယ့်ရဲ့ မိသားစုဝင်တွေ ပါဝင်တဲ့ ကိုယ်ပိုင် Famvatar စတစ်ကာလေးတွေကို https://www.prudential.com.mm/mm/we-do-family မှာ ဝင်ရောက်ဖန်တီးနိုင်ပါတယ်။ ပြီးရင် အဲဒီ့ ဝက်ဘ်ဆိုက်မှာပဲ စတစ်ကာလေးတွေကို ဒေါင်းလုတ်လုပ်နိုင်မှာပါ။ အပိုဆု စတစ်ကာလေးတွေ ရယူချင်တယ်ဆိုရင်တော့ ဝက်ဘ်ဆိုက်ထဲက အွန်လိုင်းဖောင်တစ်ခုကို ဖြည့်ပေးရမှာ ဖြစ်ပါတယ်။

 

အဆင့် ၂ - ဒေါင်းလုတ်ဆွဲထားတဲ့ Famvatar စတစ်ကာလေးတွေကို မိသားစုနဲ့ ကုန်ဆုံးခဲ့တဲ့ အဓိပ္ပာယ်ရှိတဲ့ အချိန်တွေထဲက အမှတ်ရစရာ ဇာတ်လမ်း အကြောင်းလေးတစ်ခုနဲ့အတူ ပြိုင်ပွဲဝင်တွေရဲ့ Facebook အကောင့်မှာ တင်ပေးရမှာပါ။ အောက်ပါ ခေါင်းစဉ်နှစ်ခုထဲက အမှတ်တရ အကြောင်းလေးတစ်ခုကို ရေးသားနိုင်ပါတယ်။

 

က) ရင်သွေးငယ်ရဲ့ အနာဂတ်ဘဝလေး လှပအောင် ကူညီဖန်တီးပေးတဲ့အကြောင်း #FamilyTimeForBrighterFuture

ခ) ကျန်းမာကြံ့ခိုင်ရေး လှုပ်ရှားမှုတွေမှာ  ပါဝင်ကြတဲ့အကြောင်း #FamilyTimeForWellness

 

ကိုယ်ရွေးထားတဲ့ ခေါင်းစဉ်အလိုက် ဇာတ်လမ်း အကြောင်းလေးမှာ သက်ဆိုင်တဲ့ hashtag တွေပါ ထည့်ပေးဖို့ လိုပါတယ်။ ပြိုင်ပွဲဝင်တွေက ကိုယ့်ရဲ့ Facebook အကောင့်မှာ ပိုစ့်တင်တဲ့အခါ အများမြင် ဆက်တင်နဲ့ မဖြစ်မနေ တင်ပေးရမှာ ဖြစ်ပါတယ်။

 

ဆုလက်ဆောင် ရွေးချယ်ပေးအပ်ရာမှာ အကျုံးဝင်ဖို့ ပြိုင်ပွဲဝင်တွေရဲ့ ပိုစ့်တွေမှာ အောက်ပါအချက်တွေ မဖြစ်မနေ ပါရှိရပါမယ်။

 

က) Famvatar စတစ်ကာ

ခ) မိသားစုနဲ့ အဓိပ္ပာယ်ရှိတဲ့ အချိန်တွေ ဘယ်လိုကုန်ဆုံးခဲ့လဲဆိုတာ ရေးသားထားတဲ့ အကြောင်းအရာ

ဂ) ရွေးထားတဲ့ ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ Hashtag တွေ

  • Theme ၁ - ရင်သွေးငယ်လေး ကောင်းကောင်းကြီးပြင်းလာဖို့ ပံ့ပိုးပေးမယ့်အရာ အသစ်တွေကို အတူတူ ရှာဖွေ (သို့) စူးစမ်းကြည့်ချင်တဲ့ မိသားစုတွေ - #FamilyTimeForBrighterFuture #PRUFamvatarMM #MadeForEveryFamily
  • Theme ၂ - ပိုကျန်းမာလာစေဖို့ ရည်မှန်းထားတဲ့ မိသားစုတွေ (သို့) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရတာ ကြိုက်နှစ်သက်တဲ့ မိသားစုတွေ #FamilyTimeForWellness #PRUFamvatarMM #MadeForEveryFamily

 

ရွေးချယ်ခံရတဲ့ အနိုင်ရရှိသူတွေကို ပေးအပ်မယ့် ဆုလက်ဆောင်တွေက ပြိုင်ပွဲမှာပါဝင်ဖို့ ရွေးချယ်ထားတဲ့ အကြောင်းအရာ ခေါင်းစဉ်အပေါ်မူတည်ပါတယ်။

 

အဆင့် ၃ - Facebook ပို့စ်တင်ပြီးတဲ့အခါ ပြိုင်ပွဲဝင်တွေအနေနဲ့ ကိုယ့်ရဲ့ပို့စ်ကို screenshot လုပ်ရပါမယ်။ ပြီးရင် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ တိုင်းမ်လိုင်း ရဲ့ အပေါ်ဆုံးမှာ pin တွဲထားတဲ့ ကမ်ပိန်းမိတ်ဆက် ဗီဒီယိုပို့စ် (ဗီဒီယိုလင့်ခ်) မှာ မှတ်ချက်ဝင်ရေးပြီး screenshot ကို မျှဝေပေးရမှာ ဖြစ်ပါတယ်။

 

အဆင့် ၄ - ပြိုင်ပွဲဝင်တွေ အနိုင်ရရှိနိုင်တဲ့ ပုံစံ (၃) မျိုး ရှိပါတယ် -

 

နှစ်ပတ်တစ်ကြိမ် အနိုင်ရရှိသူ ရွေးချယ်ပေးခြင်း - random.org ကို အသုံးပြုပြီး လေးကြိမ် မဲနှိုက်ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။

  • ကံစမ်းမဲ ၁ - ကမ်ပိန်းစတင်ပြီးနောက် နှစ်ပတ်အကြာ (ပထမအသုတ်သည် ဇူလိုင်လ ၁၅ ရက်နေ့တွင်ပြီးဆုံးမည်)
  • ကံစမ်းမဲ ၂ - ကံစမ်းမဲ ၁ ရွေးချယ်အပြီး နှစ်ပတ်အကြာ (ဒုတိယအသုတ်သည် ဇူလိုင်လ ၂၉ ရက်နေ့တွင်ပြီးဆုံးမည်)
  • ကံစမ်းမဲ ၃ - ကံစမ်းမဲ ၂ ရွေးချယ်အပြီး နှစ်ပတ်အကြာ (တတိယအသုတ်သည် ဩဂုတ်လ ၁၂ ရက်နေ့တွင်ပြီးဆုံးမည်)
  • ကံစမ်းမဲ ၄ - ကံစမ်းမဲ ၃ ရွေးချယ်အပြီး နှစ်ပတ်အကြာ (စတုတ္ထအသုတ်သည် ဩဂုတ်လ ၂၆ ရက်နေ့တွင်ပြီးဆုံးမည်)

 

နှစ်ပတ်တစ်ကြိမ် အနိုင်ရရှိသူ ရွေးချယ်ပေးမယ့်ပုံစံမှာ ပြိုင်ပွဲဝင်တဲ့ ဘယ်သူမဆို ပါဝင်ခွင့်ရမည် ဖြစ်ပြီး ပြိုင်ပွဲဝင်တစ်ဦးလျှင် Bi-Weekly ဆု တစ်ကြိမ်သာ ရယူနိုင်မည် ဖြစ်ပါသည်။

 

အထူးဆု ရရှိသူများ ရွေးချယ်ပေးခြင်း - ကမ်ပိန်းကာလအပြီးမှာ အောက်ပါ အကဲဖြတ်စည်းမျဉ်းတွေအတိုင်း ပရူဒန်ရှယ်အာမခံကနေ အထူးဆုရှင်တွေ ရွေးချယ်ပေးသွားမှာပါ။

  • တီထွင်ဖန်တီးနိုင်စွမ်း ၅၀% - စတစ်ကာ ဖန်တီးပုံနဲ့ အကြောင်းအရာ တင်ဆက်ပုံ
  • ဆန်းသစ်တဲ့ အတွေးအခေါ် ၂၅% - Famvatar လုပ်ဆောင်ချက်တွေနဲ့ အကြောင်းအရာကို ဆန်းသစ်စွာ အသုံးချပုံ
  • စစ်မှန်မှု ၂၅% - မိသားစုနဲ့ အဓိပ္ပာယ်ရှိတဲ့ အချိန်တွေ အမှန်တကယ် ကုန်ဆုံးခဲ့ပုံ

 

 စုစုပေါင်း အထူးဆု ရရှိသူ (၂) ဦး ရှိပါမယ် -

  • #FamilyTimeForBrightFuture ခေါင်းစဉ်အောက်မှာ အထူးဆု ရရှိသူ (၁) ဦး
  • #FamilyTimeForWellness ခေါင်းစဉ်အောက်မှာ အထူးဆု ရရှိသူ (၁) ဦး

 

လူကြိုက်အများဆုံးဆုများ ရွေးချယ်ပေးခြင်း - ပြိုင်ပွဲဝင်ပိုစ့်တွေမှာ စုစုပေါင်း like နဲ့ reaction အရေအတွက် အများဆုံးရတဲ့ ပြိုင်ပွဲဝင်တွေကို ဆုလက်ဆောင်တွေ ပေးသွားမှာပါ။ ဆုရရှိသူ (၃) ဦး ရွေးချယ်မှာ ဖြစ်ပါတယ်။ လူကြိုက်အများဆုံးဆု ရရှိသူတွေကို ကမ်ပိန်းအပြီးမှာ ဆုံးဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။

 

ဆုရရှိသူများသည် ဆုထုတ်ယူရန်အတွက် မိမိတို့၏ မှတ်ပုံတင် နှင့် Facebook မှ ပိုစ့်ကို screenshot ပြသရန်လိုအပ်ပါသည်။

ကမ်ပိန်းမှာ ဆုလက်ဆောင်တွေ ရယူနိုင်ဖို့ ဘယ်လို သတ်မှတ်ချက်တွေရှိလဲ?

ပြိုင်ပွဲဝင်တွေက Famvatar စတစ်ကာတွေ ဖန်တီးပြီး ကိုယ့် Facebook စာမျက်နှာမှာ လူအများမြင်နိုင်တဲ့ ဆက်တင်နဲ့ ပို့စ်တစ်ခု တင်ရပါမယ်။ ပါဝင်ယှဉ်ပြိုင်ရာမှာ အောက်က အချက်အလက်တွေ အကုန်လုံး ပါဝင်ရပါမယ်။

 

က) Famvatar စတစ်ကာ

ခ) မိသားစုနဲ့ အဓိပ္ပာယ်ရှိတဲ့ အချိန်တွေ ဘယ်လိုကုန်ဆုံးခဲ့လဲဆိုတာ ရေးသားထားတဲ့ အကြောင်းအရာ

ဂ) ရွေးထားတဲ့ ခေါင်းစဉ်နဲ့ သက်ဆိုင်တဲ့ Hashtag တွေ

  • Theme ၁ - ရင်သွေးငယ်လေး ကောင်းကောင်းကြီးပြင်းလာဖို့ ပံ့ပိုးပေးမယ့်အရာ အသစ်တွေကို အတူတူ ရှာဖွေ (သို့) စူးစမ်းကြည့်ချင်တဲ့ မိသားစုတွေ - #FamilyTimeForBrighterFuture #PRUFamvatarMM #MadeForEveryFamily
  • Theme ၂ - ပိုကျန်းမာလာစေဖို့ ရည်မှန်းထားတဲ့ မိသားစုတွေ (သို့) ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရတာ ကြိုက်နှစ်သက်တဲ့ မိသားစုတွေ #FamilyTimeForWellness #PRUFamvatarMM #MadeForEveryFamily

 

ရွေးချယ်ခံရတဲ့ အနိုင်ရရှိသူတွေကို ပေးအပ်မယ့် ဆုလက်ဆောင်တွေက ပြိုင်ပွဲမှာပါဝင်ဖို့ ရွေးချယ်ထားတဲ့ အကြောင်းအရာ ခေါင်းစဉ်အပေါ်မူတည်ပါတယ်။

 

Facebook ပို့စ်တင်ပြီးတဲ့အခါ ပြိုင်ပွဲဝင်တွေအနေနဲ့ ကိုယ့်ရဲ့ပို့စ်ကို screenshot လုပ်ရပါမယ်။ ပြီးရင် ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာ တိုင်းမ်လိုင်းရဲ့ အပေါ်ဆုံးမှာ pin တွဲထားတဲ့ ကမ်ပိန်းမိတ်ဆက် ဗီဒီယိုပို့စ် (ဗီဒီယိုလင့်ခ်) မှာ မှတ်ချက်ဝင်ရေးပြီး screenshot ကို မျှဝေပေးရမှာ ဖြစ်ပါတယ်။

ဆုလက်ဆောင်ကို အိမ်တိုင်ရာရောက် လာပို့ပေးမှာလား? လာပို့မယ်ဆိုရင် အချိန်ဘယ်လောက်ကြာမလဲ?

ဟုတ်ကဲ့၊ အိမ်တိုင်ရာရောက် လာပို့ပေးမှာပါ။ ပရူဒန်ရှယ်အာမခံက ပစ္စည်းပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုကို အသုံးပြုပြီး ဆုရရှိသူ တစ်ဦးချင်းစီရဲ့ လိပ်စာကို ဆုလက်ဆောင်တွေ ပို့ပေးသွားမှာပါ။ ပစ္စည်းပို့ဆောင်တဲ့ ကျသင့်ငွေကိုလည်း ပရူဒန်ရှယ်အာမခံက တာဝန်ယူပေးသွားမှာ ဖြစ်ပါတယ်။ ပရူဒန်ရှယ်အာမခံက  ဆုရရှိသူစာရင်း ကြေညာပြီးတဲ့နောက် (၃) လအတွင်း ပို့ဆောင်ပေးသွားမှာပါ။

 

နှစ်ပတ်တစ်ကြိမ် မဲနှိုက်ရွေးချယ်ရာမှာ အနိုင်ရရှိသူတွေအနေနဲ့ မိမိတို့ရဲ့ ဆုလက်ဆောင်တွေကို ရယူဖို့ ပရူဒန်ရှယ်အာမခံရဲ့ Facebook Messenger ကနေ ဆက်သွယ်နိုင်ရမှာ ဖြစ်ပါတယ်။ ပရူဒန်ရှယ်အာမခံက အထူးဆုရှင်တွေနဲ့ လူကြိုက်အများဆုံးဆုရရှိသူတွေကိုပဲ Facebook Messenger ကနေဆက်သွယ်ပြီး ဆုလက်ဆောင် ပေးပို့ဖို့အတွက် ဖုန်းခေါ်ဆို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

 

ရွေးချယ်ခံရသူ အားလုံးအနေနဲ့ ပရူဒန်ရှယ်အာမခံက ဆုရရှိသူစာရင်း ကြေညာပြီး (၁) လ အတွင်း ဆက်သွယ်ပေးရမှာပါ။ အကယ်၍ မဆက်သွယ်လာဘူးဆိုရင်တော့ ဆုလက်ဆောင်ကို လက်လွှတ်ဆုံးရှုံးရမှာ ဖြစ်ပါတယ်။

ဆုလက်ဆောင်တွေကို ငွေသားနဲ့ လဲလှယ်လို့ ရနိုင်မလား?

မရနိုင်ပါဘူး။ အနိုင်ရရှိတဲ့ ဆုလက်ဆောင်ပစ္စည်းတွေကို ငွေသားနဲ့ လဲလှယ်ခွင့်မရှိပါဘူး။

Famvatar ကမ်ပိန်းမှာ ပါဝင်ယှဥ်ပြိုင်တဲ့အချိန် အခက်အခဲရှိရင် ဘယ်သူ့ကို ဆက်သွယ်လို့ရမလဲ?

ပရူဒန်ရှယ်အာမခံရဲ့ Customer Service ဖုန်းနံပါတ် ၀၉ ၇၇၀ ၁၁၀၀၁၀ သို့မဟုတ် ပရူဒန်ရှယ်အာမခံရဲ့ စာမျက်နှာ၊ Messenger ကနေတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျွန်တော်/မက ပရူဒန်ရှယ်အာမခံရဲ့ ဝန်ထမ်းဆိုရင် ဒါမှမဟုတ် ကျွန်တော်/မရဲ့ ဆွေမျိုးတစ်ယောက်က ဒီကုမ္ပဏီမှာ အလုပ်လုပ်နေတယ်ဆိုရင် ဒီကမ်ပိန်းမှာ ပါဝင်လို့ရပါသလား?

လက်ရှိ ပရူဒန်ရှယ်အာမခံမှာ လုပ်နေတဲ့ ဝန်ထမ်းတွေ၊ စာချုပ်နဲ့ လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေ၊ အာမခံ အရောင်းကိုယ်စားလှယ်တွေကလွဲပြီး ဘယ်သူမဆို ဒီကမ်ပိန်းမှာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါတယ်။

ဒီကမ်ပိန်းက ရန်ကုန်မြို့နဲ့ မန္တလေးမြို့က သူတွေပဲ ဝင်ပြိုင်လို့ရမှာလား? (မြို့) ကနေဆိုရင်ရော ဝင်ပါလို့ရနိုင်မလား?

လက်ရှိ မြန်မာနိုင်ငံမှာ နေထိုင်နေပြီး အသက် (၁၈) နှစ်နဲ့အထက်ရှိတဲ့ မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံခြားသားတွေ ဘယ်သူမဆို ဒီကမ်ပိန်းမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါတယ်။

ကမ်ပိန်းကနေ ထွက်လိုက်လို့ရပါသလား?

ရပါတယ်။ ကမ်ပိန်းကနေ နှုတ်ထွက်လိုတဲ့ ပြိုင်ပွဲဝင်က အနိုင်ရရှိသူစာရင်း မထုတ်ပြန်ခင်မှာ ပရူဒန်ရှယ်အာမခံကို အကြောင်းကြားပေးဖို့ လိုအပ်ပါတယ်။ ဒီလိုအကြောင်းကြားဖို့အတွက် ပရူဒန်ရှယ်အာမခံရဲ့ Customer Service ဖုန်းနံပါတ် - ၀၉ ၇၇၀ ၁၁၀၀၁၀ ကို ခေါ်ဆိုပြီး (သို့) ပရူဒန်ရှယ်အာမခံရဲ့ Facebook စာမျက်နှာရဲ့ Messenger မှာ စာပို့ပြီး ဆက်သွယ်အကြောင်းကြား နိုင်ပါတယ်။

အပိုဆုစတစ်ကာတွေကို ရရှိနိုင်ဖို့ ကျွန်တော်/မ ပေးထားတဲ့ အချက်အလက်တွေကို ဘယ်နေရာမှာ ဘယ်လို အသုံးပြုသွားမှာလဲ?

ပရူဒန်ရှယ်အာမခံက ပြိုင်ပွဲဝင်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ အကုန်လုံး လျှို့ဝှက်ပေးထားမှာပါ။ ဒီအချက်အလက်တွေက ပြိုင်ပွဲဝင်တွေကို Viber ကနေ စာတွေပို့ဖို့အတွက်နဲ့ နောက်ပိုင်း ဆက်သွယ်ပြောဆိုရာမှာ အသုံးပြုသွားမှာပါ။

Famvatar စတစ်ကာနဲ့ အကြောင်းအရာတစ်ခု ရေးထားတာကို Facebook မှာ ပိုစ့်မတင်ဘူးဆိုရင် ဆုရမယ့်အထဲမှာ ပါနိုင်ဦးမလား?

ဆုမရနိုင်ပါဘူး။ ကမ်ပိန်းမှာ ပါဝင်ချင်တဲ့ ပြိုင်ပွဲဝင်တွေအားလုံး ကိုယ့်ရဲ့ Facebook အကောင့်မှာ မိသားစုဝင်တွေနဲ့ ဖြတ်သန်းခဲ့တဲ့ အဓိပ္ပါယ်ရှိတဲ့ အချိန်လေးတွေအကြောင်း ရေးသားပြီး Famvatar စတစ်ကာနဲ့အတူ ပို့စ်တင်ဖို့ လိုအပ်ပါတယ်။

အပိုဆု စတစ်ကာတွေ ယူမထားမိရင် ဆုရမယ့်အထဲမှာ ပါနိုင်ဦးမလား?

ဆုမရနိုင်ပါဘူး။ ဆုရွေးချယ်ပေးမယ့်အထဲမှာ အကျုံးဝင်ဖို့ဆိုရင် ပြိုင်ပွဲဝင်အနေနဲ့ အပိုဆု စတစ်ကာတွေကို ရယူထားဖို့ လိုအပ်ပါတယ်။

 

ကျွန်တော်/မ ရဲ့ ပိုစ့်နဲ့ ရေးထားတဲ့ အကြောင်းအရာကို တခြားနေရာမှာ သုံးမယ့် အစီအစဉ်ရှိပါသလား?

အကယ်၍ ပြိုင်ပွဲဝင်ရဲ့ Facebook ပိုစ့်နဲ့ ရေးထားတဲ့ အကြောင်းအရာက အထူးဆု ဒါမှမဟုတ် လူကြိုက်အများဆုံးဆုအဖြစ် ရွေးချယ်ခံရမယ်ဆိုရင်တော့ ပရူဒန်ရှယ်အာမခံအနေနဲ့ ကုမ္ပဏီရဲ့ လူမှုကွန်ရက် ချန်နယ်တွေမှာ ဖော်ပြအသုံးပြုခွင့်ရှိမှာ ဖြစ်ပါတယ်။

အနိုင်ရတဲ့သူတွေကို ဘယ်အချိန်မှာ ကြေညာပေးမှာလဲ?

ပရူဒန်ရှယ်အာမခံ Facebook စာမျက်နှာမှာ ဆုရရှိသူတွေကို ကြေညာပေးမှာဖြစ်လို့ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ နှစ်ပတ်တစ်ကြိမ် ရွေးချယ်ခံရတဲ့ အနိုင်ရရှိသူတွေကိုတော့ ဆုတစ်ကြိမ်ရွေးချယ်ပြီးတိုင်း နောက်တစ်ပတ်မှာ ကြေညာပေးသွားမှာပါ။ ပရူဒန်ရှယ်အာမခံမှ အထူးဆုနှင့် လူကြိုက်အများဆုံးဆု ရရှိသူများကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့တွင် ကြေညာပေးသွားမည်ဖြစ်ပါသည်။

ပြိုင်ပွဲဝင်တွေကို အသက်အရွယ် သတ်မှတ်ထားတာ ရှိပါလား?

ပြိုင်ပွဲဝင်တွေက အသက် ၁၈ နှစ်နဲ့အထက် ရှိဖို့လိုအပ်ပါတယ်။ ဒါပေမယ့် Famvatar စတစ်ကာထဲမှာတော့ အသက်ငယ်တဲ့ မိသားစုဝင်တွေ၊ အမျိုးတွေ ပါလို့ရပါတယ်။

Facebook အကောင့်တစ်ခုထဲကနေ အကြိမ်ရေများများ ဝင်ပြိုင်လို့ရလား? အကောင့်နှစ်ခု သုံးရင်ရော တစ်ကောင့်ကို တစ်ကြိမ်စီ ဝင်ပြိုင်လို့ရလား?

ပြိုင်ပွဲဝင်တစ်ယောက်ကို Facebook အကောင့်တစ်ခုနဲ့ တစ်ကြိမ် ပြိုင်ပွဲဝင်တာကိုပဲ ထည့်သွင်းစဉ်းစားမှာ ဖြစ်ပါတယ်။

ကိုယ်က တစ်ယောက်တည်းနေတယ်ဆိုရင် ပြိုင်ပွဲကို ဘယ်လိုပါဝင်လို့ ရပါသလဲ?

တစ်ယောက်တည်းနေတာ ဖြစ်ဖြစ်၊ သူငယ်ချင်း ဒါမှမဟုတ် ကိုယ့်မိသားစုနဲ့နေတာ ဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ ဒါမှမဟုတ် တခြား ကိုယ်နဲ့မိသားစုလို နေတဲ့သူတွေရဲ့ ဓာတ်ပုံကို အသုံးပြုပြီး ကိုယ်ပိုင် Famvatar စတစ်ကာ ဖန်တီးနိုင်ပါတယ်။ ဒါပေမယ့် Famvatar စတစ်ကာ ဖန်တီးတဲ့အခါမှာ ကိုယ်အပါအဝင် စုစုပေါင်း လူနှစ်ဦး ပါဝင်ဖို့လိုပါတယ်။

ဒီကမ်ပိန်းမှာပါဝင်ဖို့ ကိုယ့်သူငယ်ချင်းတွေနဲ့ အမျိုးတွေကို ဖိတ်ခေါ်လို့ ရပါသလား?

ဟုတ်ကဲ့၊ ရပါတယ်။