claim easily with ulink

Ulink ကနေ နစ်နာကြေးလျှောက်ထားလိုက်ပါ ပရူဒန်ရှယ်နှင့် လုံခြုံစွာ ချိတ်ဆက်ထားသည်

ပရူဒန်ရှယ် ၊ Ulink တို့နှင့်အတူ စိတ်အေးချမ်းသာစွာ ကုသမှုခံယူနိုင်ပါသည်

ချိတ်ဆက်ထားသော ဆေးခန်း/ ဆေးရုံများတွင် သာမန်ကုသမှု ခံယူခြင်း

ချိတ်ဆက်ထားသော ဆေးခန်း/ဆေးရုံများတွင် အရေးပေါ် ကုသမှုခံယူခြင်း

ချိတ်ဆက်မထားသည့် ဆေးခန်း/ဆေးရုံများတွင် ကုသမှုခံယူခြင်း

လျှောက်လွှာပုံစံများကို ဒေါင်းလုတ်ရယူပါ

လျှောက်လွှာများကို ဒေါင်းလုတ်ရယူ ဖြည့်စွက်ပြီး pmli@ulinkmyanmar.com သို့ အီးမေးလ် ပေးပို့ပါ

နစ်နာကြေးလျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ

  1. (၁) အာမခံပေါ်လစီအမှတ် (အာမခံပေါ်လစီ အထောက်အထား သို့မဟုတ် E-card မိတ္တူ)

    (၂) လျှောက်ထားသူ အချက်အလက်

    1. အမည်အပြည့်အစုံ
    2. ဖုန်းနံပါတ်
    3. နေရပ်လိပ်စာ အပြည့်အစုံ

    (၃) ဖြစ်ပွားခဲ့သည့် အခြေအနေအကြောင်း အသေးစိတ်ဖော်ပြချက် - စာ သို့မဟုတ် အီးမေးလ်ဖြင့်

    (၄) လျှောက်ထားသူ၏ မှတ်ပုံတင်အား ရိုက်ကူးထားသည့် ဓာတ်ပုံ - မှတ်ပုံတင်အရှေ့ဘက်အား ရိုက်ကူးထားသည့် ဓာတ်ပုံ ပေးပို့လျှင် လုံလောက်ပါသည်

    (၅) ဆေးစာ သို့မဟုတ် ဆရာဝန် ထောက်ခံစာ

    (၆) ဘဏ်အကောင့် အချက်အလက် အသေးစိတ်

    1. အကောင့်ပိုင်ဆိုင်သူအမည်

    2. အကောင့်နံပါတ်

    3. ဘဏ်အမည်

    4. ဘဏ်ခွဲအမည်

    5. (သို့မဟုတ် e-wallet ဖြင့် ပေးချေရမည်ဆိုပါက)
      1. E-Wallet အမျိုးအစားအမည်
      2. ပိုင်ဆိုင်သူအမည်

    (၇)ဆွေမျိုးတော်စပ်ပုံ သက်သေခံအထောက်အထား (သေဆုံးခြင်း၊ ထာဝစဉ်မသန်စွမ်းဖြစ်ခြင်းဆိုင်ရာ လျှောက်ထားမှုများအတွက်သာ)

    1. ရပ်ကွက်/ကျေးရွာလူကြီး ထောက်ခံချက် ပုံစံ (၁၀) သို့မဟုတ် သန်းခေါင်စာရင်း

    (၈) ဖွား/သေ ပုံစံ (၂၀၃) (သေဆုံးမှုအတွက် လျှောက်ထားမှသာ)

    (၉) ရဲစခန်း ထောက်ခံစာ (ရဲပါဝင်သည့် အခြေအနေအတွက်သာ)

    (၁၀) အုပ်ထိန်းသူဖြစ်ကြောင်း သက်သေခံအထောက်အထား (အာမခံပေါ်လစီအား ဆက်ခံသူမှာ အရွယ်မရောက်သေးသူဖြစ်မှသာ သို့မဟုတ် ဆက်ခံသူတွင် တရားဝင် အုပ်ချုပ်သူတစ်ဦး ရှိမှသာ)

    (၁၁) ပြေစာ သို့မဟုတ် ငွေလက်ခံရရှိကြောင်းဖြတ်ပိုင်း (ခွဲစိတ်မှုနှင့်ပတ်သက်သည့် နစ်နာကြေးလျှောက်ထားမှုများ အတွက်သာ)

Ulink ကို ဆက်သွယ်ရန်

Tel: +95 9952108822

Email: pmli@ulinkmyanmar.com

လိပ်စာ - အခန်းနံပါတ် ၁၆-၀၉၊ Times City ရုံးတာဝါ ၂၊ ဟံသာဝတီလမ်း၊ ကမာရွတ်မြို့နယ်၊ ၁၁၀၄၁၊ ရန်ကုန်မြို့