English
close

Pulse ကျန်းမာရေး အက်ပလီကေးရှင်း ပြိုင်ပွဲ

အစီအစဉ် အသေးစိတ်အချက်အလက်များနှင့် ချိတ်ဆက်နိုင်သည့် ပုံစံ

၁) ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ မေလ၊ ၂၁ ရက်နေ့ မှ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့ အထိ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ (“ပြိုင်ပွဲကာလ”)

၂) ပြိုင်ပွဲကာလအတွင်း Pulse အက်ပလီကေးရှင်းနှင့် ချိတ်ဆက်အသုံးပြုထားသူတိုင်း ကံထူးရှင်ဖြစ်ရန် အခွင့်အရေး ရှိသည်။

၃)  ပြိုင်ပွဲဝင်များ အနေဖြင့် အောက်ပါဖော်ပြချက် အဆင့်ဆင့်ကို လုပ်ဆောင်ပြီးမြောက်မှသာ ပြိုင်ပွဲတွင်ပါဝင်ကြောင်း သတ်မှတ်ထည့်သွင်းမည် ဖြစ်သည်။

 

အဆင့် (၁) ။ Pulse အက်ပလီကေးရှင်းကို သင့်ရဲ့ စာရင်းသွင်းထားသော ဖုန်းနံပါတ် (သို့မဟုတ်) Email ID ဖြင့် Login ဝင်ပါ။

အဆင့် (၂)။ ဖုန်းမျက်နှာပြင်ရဲ့ အောက်နားက အသဲပုံ ကို ကလစ်နှိပ်ပါ။

အဆင့် (၃) ။ Fitness Tracker ဆိုတဲ့ banner ကို ကလစ်နှိပ်ပါ။

 

အဆင့် (4) ။ သင့်ရဲ့ ကျန်းမာရေး အက်ပလီကေးရှင်းများ (Google Fit / Apple Health) သို့မဟုတ် အားကစားသုံး ဝတ်ဆင်နိုင်သည့် ပစ္စည်းများ (Fitbit/ Garmin) တို့နှင့် Sync ပြုလုပ်ပါ။

 

အဆင့် (5)။ သင့်ရဲ့ login ဝင်ထားတဲ့ အကောင့်နဲ့ ကျန်းမာရေး အက်ပလီကေးရှင်းတို့ Sync ပြုလုပ်ရန် ချိတ်ဆက်ပါ။

အဆင့် (၆)။ အခုဆိုရင် သင်ရဲ့ ကျန်းမာရေး လှုပ်ရှားမှုတွေကို သင့်ရဲ့ Pulse အက်ပလီကေးရှင်းမှာ တိုက်ရိုက် မှတ်တမ်းတင်နိုင်ပါပြီ။

 

၄) ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ပြီးကြောင်း အတည်ပြုသည့် အကြောင်းကြားစာကို Pulse အက်ပလီကေးရှင်းတွင် စာရင်းပေးသွင်းထားသည့် အချက်အလက်များအရ Pulse အက်ပလီကေးရှင်းမှလည်းကောင်း၊ Viber သို့မဟုတ် ဖုန်းခေါ်ဆိုခြင်း/ စာတိုပေးပို့ခြင်း စသည်ဖြင့် ပေးပို့သွားမည် ဖြစ်သည်။

၅) နေ့စဉ် ကံထူးရှင်ရွေးချယ်ပေးမည်ဖြစ်ပြီး ပြိုင်ပွဲကာလအတွင်း နေ့စဉ် ကံထူးရှင် တစ်ဦးကို ကြေငြာပေးသွားမည် ဖြစ်သည်။

 

ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များ

၁) Pulse အက်ပလီကေးရှင်းအား ကျန်းမာရေး အက်ပလီကေးရှင်း သို့မဟုတ် အားကစားသုံး ဝတ်ဆင်နိုင်သည့် ပစ္စည်းများနှင့် ချိတ်ဆက်ပြီး ပါဝင်နိုင်သည့် ပြိုင်ပွဲကို ပရူဒန်ရှယ် အာမခံ (“PMLI”) က တာဝန်ယူကျင်းပခြင်း ဖြစ်ပါသည်။ ပရိုမိုးရှင်းပြိုင်ပွဲကာလကို ၂၀၂၁ ခုနှစ်၊ မေလ၊ ၂၁ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ မေလ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃နာရီ၊ ၅၉ မိနစ်အထိဟု သတ်မှတ်ထားပြီး အဆိုပါ ရက်စွဲများမှာ (“ပြိုင်ပွဲကာလ”) အတွင်း အကျုံးဝင်သည့် ရက်စွဲများဖြစ်သည်။

 

၂) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ယခု စာမျက်နှာတွင် ဖော်ပြထားသော ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအားလုံးကို သဘောတူညီပြီး ဖြစ်သည်ဟု သတ်မှတ်မည်။

 

၃) ရန်ကုန်နှင့် မန္တလေးမြို့တွင် ပစ္စည်းလက်ခံရယူနိုင်သည့် လိပ်စာ ပါရှိရမည်။

 

၄) ပုံတွင်ပြသထားသည့် ဆု (အားကစားဖိနပ်) မှာ ဆီလျော်အောင်ထည့်သွင်းထားသည့် ဖော်ပြမှုသာဖြစ်ပြီး အမှန်တကယ် ချီးမြှင့်မည့်ဆုမှာ အရောင်၊ အမှတ်တံဆိပ်နှင့် ပုံစံ ကွဲပြားမှုရှိနိုင်သည်။

 

၅) ပရိုမိုးရှင်းပြိုင်ပွဲကာလအတွင်း ကံထူးရှင်များကို နေ့စဉ် ရွေးချယ်ပေးမည် ဖြစ်သည်။

 

၆) ကံထူးရှင် ရွေးချယ်ရာတွင် ရွေးချယ်ခံရသည့် ကံထူးရှင်များမှာ Pulse အက်ပလီကေးရှင်း၏ တရားဝင် အသုံးပြုသူများ ဖြစ်ရမည်။ (အငြင်းပွားစရာ အခြေအနေတစ်ခု ရှိလာပါက ပရူဒန်ရှယ် အာမခံ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။) အဆိုပါ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါက သက်ဆိုင်ရာ ကံထူးရှင်များသည် နောက်ထပ် အကြောင်းကြားမှု တစ်စုံတရာမလိုအပ်ဘဲ ပြိုင်ပွဲဝင်ရန် အရည်အချင်းမပြည့်ဟု သတ်မှတ်မည်။ ပရူဒန်ရှယ် အာမခံအနေဖြင့် ကံထူးရှင်များ ကြေညာပြီးနောက်ပိုင်းတွင် ကံထူးရှင်များ၏ ကိုယ်ရေးအချက်အလက်ကို ထပ်မံ စစ်ဆေးအတည်ပြုနိုင်ခွင့် ရှိရမည်။

 

၇) ကံထူးရှင်များကို ကွန်ပျုတာစနစ် အသုံးပြု၍ မဲနှိုက်ရွေးချယ်မည် ဖြစ်သည်။ ရွေးချယ်ခံရသည့် ရလဒ်များ (ကံထူးရှင်၏ အမည် အပြည့်အစုံနှင့် ကံထူးရှင်၏ မိုဘိုင်းဖုန်းနံပါတ် နောက်ဆုံးဂဏန်း ၃ လုံးကို ထည့်သွင်းပြီး) စာရင်းပေးသွင်းထားသည့် မိုဘိုင်းဖုန်းနံပါတ်/ အီးမေးလ်လိပ်စာ တို့မှတဆင့် အသိပေးအကြောင်းကြားမည် ဖြစ်သည်။

 

၈) ပရူဒန်ရှယ် အာမခံအနေဖြင့် ကံထူးရှင်က Pulse အက်ပလီကေးရှင်းတွင် စာရင်းပေးသွင်းစဉ်က ထည့်သွင်းထားသည့် မိုဘိုင်းဖုန်းနံပါတ်/ အီးမေးလ်လိပ်စာ တို့မှတဆင့် အီးမေးလ်/SMS စာတို/Viber တို့ဖြင့် အသိပေးအကြောင်းကြားသွားမည် ဖြစ်သည်။

 

၉) ဆုများအား ငွေသားဖြင့် လဲလှယ်ထုတ်ယူခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်း ပြုလုပ်၍ မရပါ။ ဆုလက်ဆောင်ထုတ်ယူရန် သတ်မှတ်ထားသည့်ကာလအတွင်း မြန်မာနိုင်ငံ (ရန်ကုန်/မန္တလေး) တွင် ထုတ်ယူရမည်။ ကံထူးရှင်သည် အခြေအနေအရပ်ရပ်ကြောင့် ဆုလက်ဆောင် မထုတ်ယူခြင်း၊ အချိန်မီ မထုတ်ယူနိုင်ခြင်း ဖြစ်ခဲ့လျှင် ဆုကို လက်လွှတ်လိုက်ပြီဟု သတ်မှတ်ပြီး နောက်ထပ် အကြောင်းကြားမှု တစ်စုံတရာမလိုအပ်ဘဲ လာရောက်မထုတ်ယူနိုင်ဟု သတ်မှတ်မည်။

 

၁၀) ကံထူးရှင် ရွေးချယ်ပွဲတွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် ပရူဒန်ရှယ် အာမခံ၏ Customer Service ဖုန်း - ၀၉၇၇ ၀၁၁၀ ၀၁၀ သို့ ဆက်သွယ်နိုင်သည်။

 

၁၁) အကယ်၍ ကံထူးရှင် ရွေးချယ်ပွဲတွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါက ဝင်ရောက်ယှဉ်ပြိုင်သူများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များ၊ Pulse အက်ပလီကေးရှင်း၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အသိပေးချက်အား သေချာစွာ နားလည်သဘောပေါက်စေရန် ဖတ်ရှုပြီးမှ သဘောတူလက်ခံရန် တိုက်တွန်းအကြံပြုလိုပါသည်။

 

၁၂) ပရူဒန်ရှယ် အာမခံ၏ သဘောဆန္ဒ၊ ဆုံးဖြတ်ချက်ပေါ် မူတည်၍ ဖော်ပြပါ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များ သို့မဟုတ် ပြိုင်ပွဲ ပြင်ဆင်/ ဖျက်သိမ်းမှုများကို အချိန်မရွေး ပြောင်းလဲပြင်ဆင်နိုင်သည်။

 

၁၃) အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပရူဒန်ရှယ် အာမခံ၏ ဆုံးဖြတ်ချက်သာလျင် အတည်ဖြစ်ပါသည်။

 

၁၄) ပရူဒန်ရှယ် အာမခံမှ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များအတွက် အီးမေးလ် သို့မဟုတ် မိုဘိုင်းဖုန်းမှတဆင့် သင့်အား ဆက်သွယ်နိုင်သည်။

 

၁၅) Apple Inc. သို့မဟုတ် Google LLC သို့မဟုတ် Fitbit သို့မဟုတ် Garmin တို့သည် ယခု ကံထူးရှင် ရွေးချယ်သည့် အစီအစဉ်အား ထောက်ပံ့မှုတစ်စုံတရာ ပြုလုပ်ထားခြင်း မရှိသလို ဆက်စပ်မှု တစ်စုံတရာ မရှိပါ။

 

၁၆) အသေးစိတ် သိရှိလိုပါက ပရူဒန်ရှယ် အာမခံ၏ Customer Service ဖုန်း - ၀၉၇၇ ၀၁၁၀ ၀၁၀ သို့ (ရုံးချိန် - တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၉ နာရီမှ ၅ နာရီခွဲအတွင်း၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များမှ လွဲ၍) ဆက်သွယ်နိုင်ပါသည်။ ပရူဒန်ရှယ် အာမခံ၏ လုပ်ငန်းဝဘ်ဆိုက် www.prudential.com.mm တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

 

၁၇) ပရူဒန်ရှယ် အာမခံသည် ပြိုင်ပွဲတွင် ပေးအပ်သည့် ဆုလက်ဆောင်အား ထုတ်လုပ်/ဖြန့်ချိသူ နှင့် ထုတ်လုပ်/ဖြန့်ချိသူများ၏ ကိုယ်စားလှယ် မဟုတ်ပါ။ ဆုလက်ဆောင်၏ အရည်အသွေး၊ အသုံးဝင်မှု၊ ပို့ဆောင်ပေးမှု၊ အသုံးပြုမှု စသည်တို့နှင့် ပတ်သက်သော နောက်ဆက်တွဲ အခြေအနေများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ပြုလုပ်မည် မဟုတ်ပါ။ ဆုလက်ဆောင် အသုံးပြုရာတွင် သက်ဆိုင်ရာ ထုတ်လုပ်/ဖြန့်ချိသူက ဖော်ပြထားသည့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအရ ဆောင်ရွက်နိုင်ပါသည်။ ဆုလက်ဆောင်နှင့် ပတ်သက်သည့် မည့်သည့်ကိစ္စရပ် တစ်စုံတရာကိုဖြစ်စေ (ဆုလက်ဆောင်၏ အရည်အသွေး၊ အသုံးဝင်မှု၊ ပို့ဆောင်ပေးမှု၊ အသုံးပြုမှုတို့ အပါအဝင် အခြားကိစ္စများ) တာဝန်ယူမှု၊ တာဝန်ခံမှု မပြုလုပ်ပါ။ ဆုလက်ဆောင်ကို အသုံးပြုခြင်း၊ မှားယွင်းအသုံးပြုခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းအရာတစ်ခုခုကြောင့်ဖြစ်စေ ပျောက်ဆုံး၊ ပျက်စီးခြင်းတို့အတွက် ပရူဒန်ရှယ် အာမခံမှ တာဝန်ယူမှု၊ တာဝန်ခံမှု မပြုလုပ်ပါ။

 

(၁၈) ပရူဒန်ရှယ် အာမခံ၏ ဝန်ထမ်းများ၊ အကြံပေးအရာရှိများအားလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါ။