SuperM အကြောင်း
ကေပေါ့ပ်လောကရဲ့ Avengers များ
SuperM ကို ၂၀၁၉ မှာ စတင်ဖွဲ့စည်းခဲ့ပြီး ပွဲဦးထွက်မှာတင် သူ့မှာပါဝင်တဲ့ အဖွဲ့ဝင်တွေကြောင့် ကေပေါ့ပ်ဂီတလောကကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့ပါတယ်။ SuperM အဖွဲ့ဝင်တွေအားလုံးက SM Entertainment က နာမည်အကြီးဆုံးကေပေါ့ပ်အဖွဲ့တွေဖြစ်တဲ့ EXO ၊ SHINee ၊ NCT127 နဲ့ WayV အဖွဲ့တွေထဲက အဖွဲ့ဝင်တွေပဲ ဖြစ်ပါတယ်။
အဖွဲ့ဝင်တစ်ဦးချင်းစီက သေချာဖွဲ့စည်းထားတဲ့ သီးခြား K-pop အဖွဲ့တစ်ခုစီမှာ “Super” ဆိုတဲ့ အကောင်းဆုံးစုပေါင်းအင်အားကို ကိုယ်စားပြုတဲ့အတွက် အဖွဲ့နာမည် SuperM မှာ ပါဝင် “M” ဆိုတဲ့ စကားလုံးဟာ အမိုက်စားအနုပညာရှင်များ ပေါင်းစည်းထားတဲ့ကွန်ရက် “Matrix and Master” ကို ရည်ညွှန်းတာ ဖြစ်ပါတယ်။
SuperM ရဲ့ ပွဲဦးထွက်လှုပ်ရှားမှုနဲ့ ကျန်းမာပျော်ရွှင်ရေးအတွက် ဆောင်ရွက်မှုတွေ
အမေရိကန် Billboard 200 စာရင်းမှာ နံပါတ် (၁)
စိတ်ကျန်းမာ၊ ပျော်ရွှင်စွာ နေထိုင်နိုင်ရေးအတွက် ဆောင်ရွက်မှုများ
‘Jopping’ Kings တွေအကြောင်း လေ့လာရအောင်
BAEKHYUN
Leader, Main Vocalist
SuperM အဖွဲ့ရဲ့ ဘက်စုံတော်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ‘ပါရမီရှင် Idol’ တစ်ယောက်လို့ လူသိများတဲ့ BAEKHYUN ဟာ EXO အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးတော့ တစ်ဦးချင်း အဆိုရှင်တွေထဲမှာ ပထမဦးဆုံးအဖြစ် အယ်လ်ဘမ်ပေါင်း တစ်သန်းကျော် ရောင်းချနိုင်ခဲ့တဲ့ အနုပညာရှင်အဖြစ် ရပ်တည်နေသူပါ။
BAEKHYUN က ဂီတပိုင်းမှာတင် ထူးချွန်တာမဟုတ်ဘဲ သရုပ်ဆောင်ကောင်းတဲ့ အနုပညာ ကြယ်တစ်ပွင့်လည်း ဖြစ်ပါတယ်။ BAEKHYUN ဟာ “Moon Lovers: Scarlet Heart Ryo” ကိုရီးယားဒရာမာ ဇာတ်လမ်းတွဲမှာ သူရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုကြောင့် ၂၀၁၆ ခုနှစ်ရဲ့ Best New Star ဆုကို ရယူသိမ်းပိုက်နိုင်ခဲ့ပါတယ်။
၂၀၁၈ ခုနှစ်မှာတော့ BAEKHYUN ဟာ ဖက်ရှင်လောကထဲကို သူ့ရဲ့ ကိုယ်ပိုင်တံဆိပ်ဖြစ်တဲ့ “Prive by BBH” နဲ့အတူ စတင်ဝင်ရောက်ခဲ့ပြီး ကိုယ်တိုင်လည်း တံဆိပ်ရဲ့ တွဲဖက်ဒါရိုက်တာအနေနဲ့ တာဝန်ယူထားပါတယ်။
KAI
Lead Dancer, Main Vocalist
KAI လို့ လူသိများတဲ့ Kim Jong-in ဟာ ပရိတ်သတ်တွေရှေ့ကို ပထမဦးဆုံးချပြခဲ့တဲ့ EXO အဖွဲ့ဝင် idol တစ်ယောက် ဖြစ်ပါတယ်။ KAI က K-pop လောကမှာ အကောင်းဆုံး အကသမားတွေထဲက တစ်ယောက်လို့ လူအများက သတ်မှတ်ထားကြပါတယ်။
- KAI ဟာ အသက်ရှစ်နှစ် အရွယ်ကစလို့ သူ့ရဲ့ အကအနုပညာခရီးကို စတင်ခဲ့ပြီး Jazz အကကို အထူး စိတ်ဝင်စားခဲ့သူ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သူဟာ Jazz ၊ Ballet ၊ Hip Hop ၊ Popping ၊ Locking အစရှိတဲ့ အကအမျိုးအစားပေါင်းများစွာကို ထူးချွန်ပြောင်မြောက်စွာ ကနိုင်တဲ့သူတစ်ဦး ဖြစ်နေပါပြီ။
KAI ဟာ သူ့ရဲ့ မော်ဒယ် အနုပညာပိုင်းကို ‘The Big Issue’ မဂ္ဂဇင်းနဲ့အတူ စတင် ပွဲဦးထွက်ခဲ့စဉ်က နှစ်ရက်အတွင်းမှာပဲ မဂ္ဂဇင်းအစောင်ရေပေါင်း (၈၀,၀၀၀) အထိ စံချိန်တင်ရောင်းချနိုင်ခဲ့တဲ့ အနုပညာကြယ်တစ်ပွင့် ဖြစ်ပါတယ်။
LUCAS
Lead Rapper
LUCAS လို့ သိကြတဲ့ Wong Yuk-hei က တရုတ်-ထိုင်း လူမျိုး အဆိုတော်၊ Rapper နဲ့ မော်ဒယ်တစ်ဦးဖြစ်ပါတယ်။ LUCAS က ဘာသာစကားများစွာကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပြီးတော့ ကိုရီးယား၊ မန်ဒရင်း၊ ကန်တိုနိစ် (တရုတ်) နဲ့ အင်္ဂလိပ် ဘာသာစကားတွေကို ပြောဆိုနိုင်ပါတယ်။
LUCAS ဟာ ဟောင်ကောင်က လူရွေးပွဲကတစ်ဆင့် ဝင်ရောက်အရွေးခံခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ SM Entertainment ကို စတင်ဝင်ရောက်နိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ NCT U အဖွဲ့နဲ့အတူ ပွဲဦးထွက်ခဲ့ပါတယ်။
LUCAS ဟာ အရင်တုန်းက Running Man China လို့ခေါ်တဲ့ Keep Running အစီအစဉ်မှာလည်း အချိန်ပြည့် အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ပါဝင်နေသူ ဖြစ်ပါတယ်။
MARK
Main Rapper, Lead Dancer, Sub Vocalist
သူ့ရဲ့ အမာခံပရိတ်သတ်တွေက MARK ဒါမှမဟုတ် Mark Lee လို့ခေါ်ကြပြီး ကနေဒါနိုင်ငံသား Rapper၊ အဆိုတော်နဲ့ တေးရေးဆရာ တစ်ဦးဖြစ်ပါတယ်။ Mark ဟာ SuperM အဖွဲ့မှာ အငယ်ဆုံးအဖွဲ့ဝင် “Maknae” လည်း ဖြစ်ပါတယ်။
MARK ဟာ ၂၀၁၂ ခုနှစ်မှာ SM entertainment ကို ဝင်ရောက်နိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ NCT အဖွဲ့ရဲ့ အဖွဲ့ဝင်အနေနဲ့ ပွဲဦးထွက်မိတ်ဆက်ခဲ့ပြီး အဖွဲ့နဲ့အတူ “The 7th Sense” သီချင်းကို ဖြန့်ချိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ NCT ရဲ့ အဖွဲ့ခွဲတွေဖြစ်တဲ့ NCT 127 နဲ့ NCT Dream တို့ကို ဝင်ရောက်ခဲ့ပါတယ်။
သူဟာ အရည်အချင်းရှိတဲ့ တေးရေးဆရာတစ်ယောက်ဖြစ်ပြီး SuperM အပါအဝင် သူပါဝင်ခဲ့တဲ့ အဖွဲ့တိုင်းအတွက် သီချင်းများစွာကိုလည်း ရေးစပ်ပေးခဲ့ပါတယ်။
TAEMIN
Main Dancer, Main Vocalist
Lee Tae-Min ရဲ့ အောင်မြင်မှုတွေနဲ့ အနုပညာ အရည်အသွေးက ‘Idol တွေရဲ့ idol’ ဆိုတဲ့ နာမည်ပြောင်ကို ရတဲ့အထိပါပဲ။ SHINee ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီးတော့ ၂၀၁၄ ခုနှစ်မှာ အနုပညာအလုပ်တွေကို တကိုယ်တော်အဖြစ် ရပ်တည် လုပ်ကိုင်ရင်း ဆက်လက်အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။
TAEMIN ဟာ ဂီတလောကထဲတင်မက အခြားအနုပညာအလုပ်မျိုးစုံကို လုပ်ကိုင်နေတဲ့ ဘက်စုံထူးချွန်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ “Goong” ကနေ စီစဉ်တဲ့ တေးသရုပ်ဖော်ပြပွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး “I Am” ဆိုတဲ့ မှတ်တမ်းတင်ရုပ်ရှင်မှာ ပါဝင်ခဲ့ရုံသာမက “The Outback” ဆိုတဲ့ ကိုရီးယား ကာတွန်းရုပ်ရှင်မှာလည်း အသံသရုပ်ဆောင်အနေနဲ့ သရုပ်ဆောင်ထားပါသေးတယ်။
၂၀၁၇ ခုနှစ်မှာတော့ TAEMIN ဟာ ဂျပန်ဘာသာနဲ့သီဆိုထားတဲ့ သူ့ရဲ့ “Flame of Love” သီချင်းနဲ့အတူ ဂျပန်နိုင်ငံ ဂီတလောကကို စတင်ထိုးဖောက် ဝင်ရောက်ခဲ့ပါတယ်။
TAEYONG
Main Rapper, Lead Dancer, Sub Vocalist
သူ့ရဲ့ အမာခံပရိတ်သတ်တွေက TAEYONG ဒါမှမဟုတ် Lee Tae Yong လို့ ခေါ်ကြပြီး MARK ၊ LUCAS ၊ TEN တို့ ပါဝင်တဲ့ အမျိုးသားအဆိုတော်အဖွဲ့ NCT ရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။
အကနဲ့ပတ်သက်ပြီး ဘာမှ အတွေ့အကြုံမရှိခဲ့ပေမဲ့ TAEYONG ရဲ့ အထူး ကြိုးစားအားထုတ်ခဲ့တဲ့ ဖျော်ဖြေတင်ဆက်မှုတွေကြောင့် သူ့ကို အဖွဲ့ရဲ့ main rapper နဲ့ main dancer တစ်ယောက် ဖြစ်စေခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ “Long Track” လို့အမည်ရတဲ့ တစ်ကိုယ်တော်သီချင်းကိုလည်း ဖြန့်ချိခဲ့ပါတယ်။
MARK လိုပဲ TAEYONG ကလည်း ပြောင်မြောက်တဲ့ တေးရေးဆရာတစ်ယောက်ဖြစ်ပြီး မတူညီတဲ့ ဘာသာစကား (၄) မျိုးနဲ့ တေးသီချင်းပေါင်း (၃၀) ကျော် ရေးသားခဲ့ပါတယ်။
TEN
Lead Dancer, Lead Vocalist, Sub Rapper
TEN လို့ သိကြတဲ့ Chittaphon Leechaiyapornku က ထိုင်းနိုင်ငံက လာရောက်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှာ လူသိများပြီးသား နာမည်ကြီး အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
TEN ဟာ ၂၀၁၀ ခုနှစ်၊ ထိုင်း TV ရှိုးတစ်ခုမှာ ‘Teen Superstar’ ဆုကို အနိုင်ရရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ SM Thailand Global Auditions မှာ ထိပ်ဆုံးက ရွေးချယ်ခံခဲ့ရပြီးတော့ SM Rookies အစီအစဉ်ကတစ်ဆင့် SM Entertainment နဲ့ စတင်လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တာပါ။
၂၀၁၆ ခုနှစ် နောက်ပိုင်းမှာတော့ အဖွဲ့ခွဲ NCT U ရဲ့ အဖွဲ့ဝင်အနေနဲ့ “The 7th Sense” သီချင်းနဲ့အတူ ပွဲဦးထွက်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ NCT အဖွဲ့ခွဲ WayV နဲ့ ပွဲဦးထွက်ခဲ့ပါတယ်။ WayV ဆိုတာ တရုတ်အခြေစိုက်အဖွဲ့ဖြစ်ပြီး တရုတ်၊ ဟောင်ကောင် နဲ့ ထိုင်းနိုင်ငံတို့က အဖွဲ့ဝင်တွေ ပါဝင်ပါတယ်။