
သင့်အတွက် COVID-19 အခမဲ့ အကာအကွယ် အကျိုးခံစားခွင့်တွေ ရယူလိုက်ပါ။
ကျွန်တော်တို့ လက်ရှိလုပ်ဆောင်နေသော covid 19 အခမဲ့အကာအကွယ်ပေါ်လစီအား စက်တင်ဘာလ ၃၀ရက် အထိ သက်တမ်းတိုးထားကြောင်း ဝမ်းမြောက်စွာ ကြေညာအပ်ပါသည်။ COVID 19 အခမဲ့အကာအကွယ်ပေါ်လစီကို အောက်ပါ အကျိုးခံစားခွင့်များနှင့်အတူ ကျွန်ုပ်တို့၏ တစ်ဦးခြင်း နှင့် အဖွဲ့လိုက် အသက်အာမခံ၀ယ်ယူသူများကိုဆက်လက်၍ ထောက်ပံပေးအပ်သွားပါမည်။ Campaign ကာလမတိုင်ခင် အသက်အာမခံ ဝယ်ယူထားသူတွေ၊ လက်ရှိ ပရူဒန်ရှယ်အာမခံရဲ့ အသက်အာမခံ ပေါ်လစီသက်တမ်း ကျန်ရှိသူတွေလည်း ဒီ campaign ကနေ ပေးအပ်မယ့် အကျိုးခံစားခွင့်တွေကို ထပ်တူ ရရှိကြမှာ ဖြစ်ပါတယ်။
ဘယ်သူတွေက “COVID-19 အခမဲ့ အကာအကွယ်” အကျိုးခံစားခွင့်တွေကို ရရှိနိုင်လဲ?
အောက်ပါအချက်တွေနဲ့ အကျုံးဝင်သူတိုင်း ပရူဒန်ရှယ်အာမခံရဲ့ “COVID-19 အခမဲ့ အကာအကွယ်” အကျိုးခံစားခွင့်တွေကို ရရှိနိုင်ပါတယ်။ အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များကို ဒေါင်းလုတ်ရယူပါ။
အမှတ်စဉ် | အကျိုးခံစားခွင့်ရှိသော ပေါ်လစီကိုင်ဆောင်ထားသူများ | ဒီနေရာမှာ ဒေါင်းလုတ်ရယူပါ |
၁ | ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့နှင့် အစောပိုင်းကာလတွင် ပရူဒန်ရှယ်အာမခံမှ ထုတ်ပေးထားသော သက်တမ်းကျန်ရှိနေဆဲ ပေါ်လစီများ | စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များကို ဒေါင်းလုတ်ရယူရန် |
၂ | ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အတွင်း ပရူဒန်ရှယ်အာမခံမှ ထုတ်ပေးထားသော သက်တမ်းကျန်ရှိနေဆဲ ပေါ်လစီများ | စည်းမျဉ်းစည်းကမ်း၊ သတ်မှတ်ချက်များကို ဒေါင်းလုတ်ရယူရန် |
အကျိုးခံစားခွင့်ပြဇယား
|
|
အာမခံသက်တမ်း |
|
အကျိုးခံစားခွင့် |
အကျိုးခံစားခွင့်ပမာဏ |
သက်တမ်းတိုးထားသော ပေါ်လစီရှင်များ / အဖွဲ့လိုက်အာမခံ၀ယ်ယူသူများ |
အသစ်ထုတ်ပြန်ထားသော ပေါ်လစီများ |
ICU အကျိုးခံစားခွင့် |
ထက်လျော့သော (က)ရောဂါစတင်ရှာဖွေတွေ့ရှိသည့် ရက်စွဲအတိုင်း လက်ရှိ အာမခံထားသည့် ငွေပမာဏ၏ ၁၀၀%; (သို့မဟုတ်) (ခ) ၁၀,၀၀၀,၀၀၀ ကျပ် |
သက်တမ်းတိုးထားသောရက်မှစ၍ (၃၁) ရက် ၊ ဒီဇင်ဘာလ ၊ ၂၀၂၂ ခုနှစ်အထိ |
ပေါ်လစီထုတ်ပေးသည့်နေ့မှစ၍ တစ်နှစ် |
အသက်သေဆုံးခြင်း အတွက် အကျိုးခံစားခွင့် |
ထက်လျော့သော (က)ရောဂါစတင်ရှာဖွေတွေ့ရှိသည့် ရက်စွဲအတိုင်း လက်ရှိ အာမခံထားသည့် ငွေပမာဏ၏ ၁၀၀%; (သို့မဟုတ်) (ခ) ၁၅,၀၀၀,၀၀၀ ကျပ် |
သက်တမ်းတိုးထားသောရက်မှစ၍ (၃၁) ရက် ၊ ဒီဇင်ဘာလ ၊ ၂၀၂၂ ခုနှစ်အထိ |
ပေါ်လစီထုတ်ပေးသည့်နေ့မှစ၍ တစ်နှစ် |
“COVID-19 အခမဲ့ အကာအကွယ်” အကျိုးခံစားခွင့်များ အကျဉ်းချုပ်
- အထူးကြပ်မတ် ကုသဆောင်တွင် တက်ရောက်ကုသခံရခြင်းနှင့် အသက်သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ကို အသက်အာမခံထားသူတစ်ဦးလျှင် တစ်ကြိမ်သာ ခံစားခွင့်ရှိပါသည်။
- အသက်အာမခံထားသူသည် COVID-19 အခမဲ့ အကာအကွယ် ရရှိနိုင်သော ပေါ်လစီများစွာ ရှိထားသူဖြစ်ပါက အထူးကြပ်မတ် ကုသဆောင်တွင် တက်ရောက်ကုသခံရခြင်းနှင့် အသက်သေဆုံးခြင်းအတွက် အာမခံထားရှိငွေမှ အမြင့်ဆုံး ရရှိနိုင်မည့် ပမာဏအပေါ် မူတည်သော စုစုပေါင်း အကျိုးခံစားခွင့် တစ်ကြိမ်သာ ခံစားခွင့်ရှိပါသည်။
- အထူးကြပ်မတ် ကုသဆောင်တွင် တက်ရောက်ကုသခံရခြင်းနှင့် အသက်သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် လျှောက်ထားမှုများကို COVID-19 ရောဂါကူးစက်ခံရသည့် အချိန်မှစ၍ ၄ လအတွင်း ပရူဒန်ရှယ်အာမခံသို့ ပေးပို့ရမည် ဖြစ်ပါသည်။
- အထူးကြပ်မတ် ကုသဆောင်တွင် တက်ရောက်ကုသခံရခြင်းနှင့် အသက်သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်များကို လက်ရှိ အကျိုးခံစားခွင့်ရှိသူထံ ပေးအပ်မည် ဖြစ်ပါသည်။
အခြား သတိပြုသင့်သော အခြေအနေများ
၁. ယခုပေါ်လစီသည် အခမဲ့ ပေးအပ်ထားခြင်းဖြစ်ပြီး ငွေကြေးတန်ဖိုးဖြင့် လဲလှယ်၍ မရပါ။
၂. ယခုပေါ်လစီ စတင်အကျုံးဝင်သည့် ပထမဆုံး ၁၄ ရက်အတွင်း အသက်အာမခံထားသူမှ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ ဖြစ်ပေါ်ခြင်း၊ ရောဂါကူးစက်နိုင်ခြေရှိခြင်း (သို့) ရောဂါကူးစက်ခံရကြောင်း အတည်ပြုနိုင်ခြင်းရှိခဲ့ပါက အထက်ပါ အကျိုးခံစားခွင့်များ မရရှိနိုင်ဘဲ ပျက်ပြယ်သွားမည် ဖြစ်ပါသည်။
၃. ယခုပေါ်လစီကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်ထားပါသည်။ တည်ဆဲဥပဒေများအရ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တရားစီရင်ရေးရုံးများမှ တရားစီရင်ပိုင်ခွင့်ရှိသည်ကို အာမခံထားသူနှင့် ပရူဒန်ရှယ်အာမခံက နားလည်သဘောတူပါသည်။
၄. ယခုပေါ်လစီသည် မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားရှိမည်ဖြစ်သည်။ သို့သော် ကွဲလွဲမှုတစ်စုံတစ်ရာ ဖြစ်ပေါ်ပါက မြန်မာဘာသာဖြင့် ရေးသားထားသည်ကိုသာ အတည်ဟု သတ်မှတ်မည်။
၅. ပရူဒန်ရှယ်အာမခံ၏ နောက်ဆုံးရ သတင်းများနှင့် ပေါ်လစီများအကြောင်းပိုမိုသိရှိလိုပါက prudential.com.mm တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။