လွယ်ကူသော နစ်နာကြေးလျှောက်လွှာတင်သွင်းမှု

နစ်နာကြေးတောင်းခံတဲ့ လုပ်ငန်းစဉ်အကြောင်း သင့်ကို လမ်းညွှန်ပေးပါရစေ

လုပ်ဆောင်ချက် အဆင့်ဆင့်အတွက် လမ်းညွှန်ချက်

(၁) သင့်ရဲ့ နစ်နာကြေးတောင်းခံလွှာကို ဖြည့်ပါ။

(၂) နစ်နာကြေးတောင်းခံလွှာ အမျိုးအစားအလိုက် လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထား အားလုံးကို ပြင်ဆင်ထားပါ။

(၃) နစ်နာကြေးတောင်းခံလွှာနဲ့အတူ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေကို သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကနေတစ်ဆင့်ဖြစ်စေ၊ Customer Service Centre ကို အီးမေးလ်ပို့ပြီးဖြစ်စေ တင်သွင်းပါ။

(၄) ဒါမှမဟုတ်ရင်လည်း နစ်နာကြေးတောင်းခံလွှာနဲ့အတူ လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေကို နီးစပ်ရာ ရုံးခွဲတွေအထိ လာရောက်ပြီး ပေးပို့တင်သွင်းနိုင်ပါတယ်။

နစ်နာကြေးလျှောက်ထားရာတွင် လိုအပ်သော စာရွက်စာတမ်းများ

(၁) နစ်နာကြေးတောင်းခံလွှာ

(၂) မှတ်ပုံတင်နံပါတ်/ အသက်အာမခံထားတဲ့ ကွယ်လွန်သူနဲ့ ဆက်ခံသူရဲ့ အိမ်ထောင်စုဇယား မိတ္ထူ

(၃) သေစာရင်း မူရင်း ဒါမှမဟုတ် သက်ဆိုင်ရာ ရပ်ကွက်/မြို့နယ်ဆိုင်ရာ အာဏာပိုင်အဖွဲအစည်းက ထုတ်ပေးထားတဲ့ သေဆုံးကြောင်း ထောက်ခံစာမိတ္တူ

(၄) အာမခံပေါ်လစီ အထောက်အထား

(၅) ရပ်ကွက်ထောက်ခံစာ

(၆) ထာဝစဉ်မသန်စွမ်းဖြစ်ခြင်း (TPD) နဲ့ မတော်တဆ ထိခိုက်မှုဆိုင်ရာ နစ်နာကြေးအတွက် တာဝန်ကျဆရာဝန်က ထုတ်ပေးထားတဲ့ ဆရာဝန်ထောက်ခံစာ

(၇) ဒစ်ဂျစ်တယ်စနစ်/ ချက်လက်မှတ် စတာတွေနဲ့ ငွေပေးချေနိုင်ဖို့အတွက် ဆက်ခံသူရဲ့ ဘဏ်အကောင့် အချက်အလက် အသေးစိတ်

(၈) အာမခံသက်တမ်း ပြီးဆုံးကြောင်းပုံစံ

(၉) အခြားလိုအပ်သော စာရွက်စာတမ်း အထောက်အထားများ (အကယ်၍ လိုအပ်ပါက)

မတင်သွင်းမီ သိသင့်သိထိုက်သော မှတ်သားစရာများ

 (၁) တောင်းခံလွှာမှာ လိုအပ်တဲ့ အသေးစိတ်အချက်အလက်တွေကို တိတိကျကျ ဖြည့်စွက်ပါ

(၂) ကျေးဇူးပြုပြီး သက်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထားတွေ အားလုံးကို တင်ပြပါ။ ဒါမှ လက်ခံရရှိတဲ့ စာရွက်စာတမ်းတွေနဲ့အတူ တောင်းခံလွှာကို စစ်ဆေးပြီး လိုအပ်တဲ့ ဆေးကုသမှုဆိုင်ရာ မှတ်တမ်းမှတ်ရာတွေကို အကြံပြုပေးနိုင်မှာပါ

(၃) လိုအပ်ပါက တင်သွင်းထားတဲ့ စာရွက်စာတမ်းတွေရဲ့ မူရင်းစာရွက်ကို ကြည့်ရှုဖို့ ကုမ္ပဏီဘက်က တောင်းခံနိုင်ပါတယ်

(၄) အခြားသက်ဆိုင်ရာ စာရွက်စာတမ်းတွေနဲ့ အချက်အလက်တွေကိုလည်း ကုမ္ပဏီက တောင်းဆိုပိုင်ခွင့်ရှိပါတယ်။

သင် တင်သွင်းထားတဲ့ တောင်းခံလွှာ အခြေအနေကို စစ်ဆေးကြည့်ပါ။

သင် တင်သွင်းထားတဲ့ တောင်းခံလွှာအခြေအနေကို အောက်ပါ နည်းလမ်းတွေအတိုင်း စစ်ဆေးနိုင်ပါတယ်

(၁) သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကနေတစ်ဆင့်

(၂) ကျွန်ုပ်တို့ရဲ့ Customer Service ဌာန ဖုန်းကနေတစ်ဆင့်

(၃) Customer Service Centre ကို အီးမေးလ်ကနေတစ်ဆင့်

အမေးများသော အမေးအဖြေများ

အာမခံကြေး တောင်းခံလွှာကို ဘယ်လိုလျှောက်ထားလို့ရမလဲ?

တောင်းခံလွှာတစ်စောင် တင်သွင်းတော့မယ်ဆိုရင် သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကိုဖြစ်စေ၊ Customer Service Centre ကိုဖြစ်စေ ဘာတွေလိုအပ်မလဲဆိုတာ မေးမြန်းနိုင်ပါတယ်။ ဒါမှမဟုတ် လျှောက်လွှာပုံစံမျိုးစုံ စုစည်းထားတဲ့ နေရာမှာလည်း ဒေါင်းလုတ်ရယူနိုင်ပါတယ်။

အာမခံကြေး တောင်းခံလွှာကို လျှောက်ထားဖို့ဆိုရင် လိုအပ်တဲ့စာရွက်စာတမ်းတွေအတွက် သင့်ကိုယ်ပိုင် ပရူဒန်ရှယ်အာမခံရဲ့ အကြံပေးကနေ တစ်ဆင့်ဖြစ်စေ၊ Customer Service Centre ကိုဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်သလို လျှောက်လွှာပုံစံတွေ စုစည်းပေးထားတဲ့ နေရာမှာလည်း ဒေါင်းလုတ်ရယူနိုင်ပါတယ်။ တစ်ဖက်မှာလည်း သင့်ရဲ့ တောင်းခံလွှာကို စာရွက်စာတမ်း အထောက်အထား အပြည့်အစုံနဲ့တကွ နီးစပ်ရာ ရုံးခွဲမှာ လာရောက်တင်သွင်းလို့ပါတယ်။

သေဆုံးမှုအတွက် အာမခံကြေး တောင်းခံလွှာတစ်ခုကို ဆောင်ရွက်ပေးဖို့ ဘယ်လောက်အချိန်ယူလဲ

ပေါ်လစီ လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ဆောင်ပြီးတဲ့နောက်မှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေ အားလုံး လက်ခံရရှိပြီးတဲ့နေ့ကစပြီး ရုံးဖွင့်ရက် (၁၅) ရက်အတွင်း တောင်းခံလွှာကို ဆောင်ရွက်ပေးပါတယ်။

 

အာမခံနစ်နာကြေး တောင်းခံသူမှာ သေစာရင်း စာရွက်မရှိ၊ အာမခံထားကြောင်း အထောက်အထားလည်း ပျောက်ဆုံးနေတယ်ဆိုရင် ဘယ်လို ဖြစ်နိုင်ပါသလဲ။

ဒါဆိုရင် အာမခံနစ်နာကြေး တောင်းခံသူက သက်ဆိုင်ရာ ဒေသခံ အာဏာပိုင်ရုံး/မြို့နယ် အုပ်ချုပ်ရေးမှူးရုံးကနေ အာမခံထားသူ သေဆုံးကြောင်း ထောက်ခံစာတစ်စောင် ရယူဖို့ လိုအပ်ပါတယ်။

နစ်နာကြေးတောင်းခံသူက အာမခံထားသူနဲ့ ဘယ်လို ပတ်သက်နေလဲဆိုတာ စာရွက်စာတမ်း အထောက်အထား အပြည့်အစုံ မပေးနိုင်ဘူးဆိုရင် ဘယ်လိုဖြစ်နိုင်ပါသလဲ?

လိုအပ်တဲ့ စာရွက်စာတမ်း မိတ္တူတွေကို တောင်းခံသူက သူ၊ သူမရဲ့ ကုန်ကျစရိတ်နဲ့ ထုတ်ယူဖို့ သက်ဆိုင်ရာ ရပ်ကွက်/မြို့နယ် အုပ်ချုပ်ရေးမှုးတွေထံမှာ တောင်းယူနိုင်ပါတယ်။

ကွယ်လွန်သူက အမည်စာရင်းတစ်ခု ပေးသွင်းပြီး သေတမ်းစာ ချန်ထားခဲ့မယ်ဆိုရင် ဘယ်သူ့ကို ပေးလို့ရနိုင်မလဲ။

ဆက်ခံသူအမည်စာရင်း တင်သွင်းထားရင် အာမခံရယူထားတဲ့ ကွယ်လွန်သူရဲ့ ပိုင်ဆိုင်မှုထဲကို ထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

ဆက်ခံသူ အမည်စာရင်းထည့်ထားတဲ့သူ ကွယ်လွန်သွားလို့ ပယ်ဖျက်တာဆိုရင် ကွယ်လွန်သူရဲ့ ဝေစုကို ကျန်ခဲ့တဲ့သူတွေက အချိုးကျ ရရှိမှာ ဖြစ်ပါတယ်။ သေတမ်းစာ ထားခဲ့တယ်ဆိုရင်တော့ အဲ့ဒီ့ထဲကအတိုင်း ဆက်ခံသူအားလုံးကို အစားထိုးသွားမှာ ဖြစ်ပါတယ်။