
သင့်ရဲ့ အသက်အာမခံအတွက် ငွေကြေးစုဆောင်းရေး အစီအစဉ် PRUSaver

ဘဝရဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အချိန်လေးတွေကို ခံစားရအောင် ငွေကြေးစီမံစုဆောင်းဖို့ ပထမဆုံးခြေလှမ်းကို အခုပဲ စတင်လိုက်ပါ။

ငွေစုခြင်းက လွယ်ကူသက်သာစေပါတယ်။

အိပ်မက်တွေအကောင်အထည်ဖော်ဖို့ ငွေစုကြစို့။

အရေးတကြီး ငွေ လိုအပ်တဲ့အခါ
အနာဂတ်ခိုင်မာဖို့ ငွေစု စို့။
-
အာမခံထားငွေ - ၅,၀၀၀,၀၀၀ ကျပ်
-
ပေါ်လစီသက်တမ်း - ၅ နှစ်
-
နှစ်စဥ် ပရီမီယံကြေး - ၉၅၄,၀၀၀ ကျပ်
-
နှစ်စေ့ (သက်တမ်းပြည့်) အကျိုးခံစားခွင့် ပေါ်လစီသက်တမ်းကုန်ဆုံးချိန်တွင် အာမခံထားငွေ၏ ၁၀၀% ရရှိမည်။
မျှော်လင့်မထားသောဖြစ်ရပ်များ ဖြစ်ပေါ်လာရင် ရရှိမယ့် ငွေကြေးအကာအကွယ်။
-
အာမခံထားငွေ - ၅,၀၀၀,၀၀၀ ကျပ်
-
ပေါ်လစီသက်တမ်း - ၅ နှစ်
-
နှစ်စဥ် ပရီမီယံကြေး - ၉၅၄,၀၀၀ ကျပ်
-
ဖြစ်စဥ် ဥပမာ - အာမခံထားသူဟာ ပေါ်လစီရဲ့ (၃)နှစ်မြောက်တွင် အသက်သေဆုံးသွားခဲ့ပါတယ်။ ဒါကြောင့် PRUSaver ပေါ်လစီအရ အသက်အာမခံထားသူရဲ့ အကျိုးဆက်ခံခွင့်ရှိသူ/များက အသက်သေဆုံးခြင်း အကျိုးခံစားခွင့်ဖြစ်တဲ့ အာမခံထားငွေရဲ့ ၁၀၀% ကို ရရှိမှာဖြစ်ပါတယ်။ သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ကို ထုတ်ပေးပြီးရင်တော့ ပေါ်လစီ ပျက်ပြယ်(ပြီးဆုံး) သွားမှာဖြစ်ပါတယ်။
အခွန် ကင်းလွတ်ခွင့်ရှိသော ပရီမီယံကြေးများ
PRUSaver ရဲ့ ပရီမီယံကြေးများဟာ အခွန်ကင်းလွတ်ခွင့်ရှိပါတယ်။ အခွန်ကင်းလွတ်ခွင့်ကြောင့် နှစ်စဥ်ဝင်ငွေခွန်ကိုပါ လျော့ပေါ့စေနိုင်လို့ ပေါ်လစီအတွက် ပေးသွင်းရတဲ့ ပရီမီယံကြေးကို သက်သာသွားစေပါတယ်။ PRUTax Calculator ဟာ PRUSaver မှာ ပေးသွင်းရမယ့် ပရီမီယံကြေးကို အခွန်ဘယ်လောက် သက်သာစေနိုင်တယ်ဆိုတာကို ခန့်မှန်း(တွက်ချက်)ပေးနိုင်ပါတယ်။ အခွန် ကျွမ်းကျင်သူများနဲ့ ဆက်သွယ်ပြီး အခွန်သက်သာကင်းလွတ်ခွင့် အကြံဉာဏ်များကို တစ်ဦးချင်း အခြေအနေပေါ်မူတည်ပြီး တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။
အာမခံမဝယ်ခင် သိထားသင့်တဲ့ အချက်များ
၁။ ခြွင်းချက်များ - သေဆုံးခြင်းအတွက် အကျိုးခံစားခွင့် (သို့) လုံးဝနှင့် ထာဝစဥ် မသန်စွမ်းခြင်း အကျိုးခံစားခွင့်ကို အပြည့်အဝမထုတ်ပေးနိုင်တဲ့ အချက်တွေရှိပါတယ်။ တကယ်လို့ အာမခံထားသူဟာ မိမိကိုယ်ကို သတ်သေခြင်း နဲ့ (သို့) ဝယ်ယူတဲ့အချိန်မှာလိုအပ်တဲ့အချက်အလက်များကို ထိမ်ချန်ဖော်ပြထားရင် အသက်သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်မရရှိနိုင်ပါ။ ကိုယ့်ကိုယ်ကို ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းနဲ့ အခြားအကြောင်းအရာများကြောင့်ဖြစ်ပါကလည်း လုံးဝနှင့် ထာဝစဥ် မသန်စွမ်းအတွက် အကျိုးခံစားခွင့်ကို ထုတ်ယူခွင့်ပေးမှာ မဟုတ်ပါ။ ပိုမိုသိရှိနားလည်စေဖို့ အသေးစိတ်အချက်အလက်တွေကို အာမခံစာချုပ်တွင် ကြည့်ရှုနိုင်ပါတယ်။
၂။ ဝယ်ယူလိုတဲ့ အာမခံထားငွေ၊ အသက်နဲ့ အလုပ်အကိုင်ပေါ် မူတည်ပြီး အာမခံထားသူအနေနဲ့ PRUSaver ပေါ်လစီ မဝယ်ယူခင် ကျန်းမာရေးအတွက်ဆေးစစ်ခြင်းနဲ့ လက်ရှိကိုယ်ခန္ဓာကျန်းမာရေးအခြေအနေ ဖော်ပြချက်တို့ လိုအပ်နိုင်ပါတယ်။
၃။ ပရူဒန်ရှယ်အာမခံမှာ အသက်အာမခံထားသူ ပေးပို့ထားတဲ့ ဆေးစစ်ထားသောအချက်အလက်များနဲ့ (သို့) ကိုယ်ခန္ဓာကျန်းမာရေးအခြေအနေ အချက်အလက်များ မှန်ကန်မှုမရှိရင် ပေါ်လစီရဲ့ အာမခံအကာအကွယ်(အာမခံပေါ်လစီ) ကို ရပ်ဆိုင်းပစ်နိုင်ပါတယ်။
၄။ PRUSaver အာမခံဝန်ဆောင်မှုကို ဝယ်ယူပြီး ဆက်လက်မလိုချင်တော့ရင် အမ်းငွေရသင့်တန်ဖိုးအဖြစ် ပြန်လည်ထုတ်ယူနိုင်ပါတယ်။ ဒါပေမယ့် အမ်းငွေရသင့်တန်ဖိုးပမာဏဟာ ပေးသွင်းထားခဲ့တဲ့ ပရီမီယံပမာဏထက် လျော့နည်းမှာဖြစ်ပြီး တစ်နည်းအားဖြင့် နစ်နာမှုများရှိနိုင်ပါတယ်။
၅။ အာမခံရဲ့ တန်ဖိုးအပြည့်အဝကို ခံစားနိုင်ဖို့ အသက်(၅၆)နှစ်နဲ့အထက် ရှိသူများဟာ အာမခံရဲ့ ပရီမီယံကြေးများကို အခွန်ကင်းလွတ်ခွင့်အဖြစ် လျှောက်ထားနိုင်ပါတယ်။ မလျှောက်ထားဖြစ်ရင် နှစ်စေ့(သက်တမ်းပြည့်) တန်ဖိုးထက်ပိုပြီး ပေးသွင်းရနိုင်ပါတယ်။