Terms and Conditions

ကျန်းမာစွာနေထိုင်နိုင်မယ့်အလေ့အထများမှတဆင့် ကောင်းမွန်မျှတပြီးအကာအကွယ်ပေးနိုင်သော ဘ၀လမ်းကြောင်းဆီသို့ ပရူဒန်ရှယ်မြန်မာမှ အကြံပြုလိုပါသည်။ ကျန်းမာစွာနေထိုင်နိုင်မယ့်အလေ့အထများဆိုသည်မှာ နေ့စဥ်လှုပ်ရှား သွားလာခြင်း၊  ညတိုင်းကောင်းမွန်စွာ အိပ်စက်အနားယူခြင်း နှင့် နေ့စဥ် ရေများများ သောက်သုံးခြင်းကဲ့သို့သော ရိုးရှင်းသည့် အလေ့အကျင့်ကောင်းများကို ဆိုလိုပါသည်။ အလုပ်တစ်ခုကို တစိုက်မတ်မတ်နှင့်ဇွဲရှိစွာလုပ်ဆောင်ခြင်းဖြင့် အလေ့အထ ကောင်းများကိုမွေးမြူနိုင်ပါသည်။ Step-Up Wrapperဆိုသည်မှာ ပရူဒန်ရှယ်မြန်မာမှ မြန်မာပြည်သူများအတွက် ကျန်းမာစွာ နေထိုင်နိုင်မယ့်အလေ့အထကောင်းများ၏ အခြေခံအုတ်မြစ်အဖြစ်  မရှိမဖြစ်လိုအပ်သော ခြေလှမ်းများကို နေ့စဥ်ဆောင်ရွက်မည့် အလေ့အထကို ဖန်းတီရန် ကူညီပေးသည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။

 

အဓိပ္ပါယ်များ

၁။ “ကုမ္ပဏီ” ဆိုသည်မှာ ပရူဒန်ရှယ်မြန်မာ အသက်အာမခံ ကုမ္ပဏီကို ရည်ညွှန်းပါသည်။

၂။ “Pulse အဖွဲ့၀င်” ဆိုသည်မှာ Step-up Wrapper အာမခံအကာအကွယ် ရရှိချိန်တွင် Pulse အက်ပလီကေးရှင်းကို‌ ဒေါင်းလုဒ်လုပ်၍စာရင်းသွင်းထားပြီး ကုမ္ပဏီနှင့်လက်ရှိတည်မြဲ နေသောပေါ်လစီ ကိုင်ဆောင်ထားသူကို ဆိုလိုပါသည်။

၃။ “Campaign ကာလ” ဆိုသည်မှာ ဖေဖေါ်၀ါရီ (၁၄) ရက် ၂၀၂၃ခုနှစ် မှ ဇူလိုင်လ (၃၁) ရက် ၂၀၂၃ခုနှစ် အထိ ဖြစ်ပါသည်။

၄။ “အခမဲ့အာမခံကမ်းလှမ်းမှု”  ဆိုသည်မှာ မတော်တဆထိခိုက်မှုအတွက် အာမခံအစီအစဥ်ကို ဆိုလိုပါသည်။ မတော်တဆမှုကြောင့် သေဆုံးခြင်းအတွက် အာမခံအကျိုးခံစားခွင့် ရရှိပါမည်။

၅။ “အာမခံအကာအကွယ်ရရှိသူ” ဆိုသည်မှာ အခမဲ့အာမခံကမ်းလှမ်းမှု၏လိုအပ်ချက်များနှင့်ကိုက်ညီပြီး အရည်အချင်း ပြည့်မှီသော Pulse အဖွဲ့၀င် ကိုဆိုလိုပါသည်။

၆။ “အာမခံသက်တမ်း” ဆိုသည်မှာ Certificate of Cover ထဲတွင် ဖော်ပြထားသော အာမခံသက်တမ်းကို ဆိုလိုပါသည်။

Pulse အက်ပလီကေးရှင်းကို Campaign ကာလအတွင်း ‌ဒေါင်းလုဒ်လုပ်သော ပေါ်လစီရှင်များအတွက် ၊ Pulse အဖွဲ့၀င်အဖြစ် စာရင်းသွင်းခြင်းပြီးမြောက်ပြီး မတော်တဆမှုကြောင့်သေဆုံးခြင်းအတွက် ကနဦးအာမခံအကာအကွယ် စတင်အကျုံး၀င်သည့်အချိန်မှစ၍ အာမခံသက်တမ်းစတင်ပါသည်။

Pulse အက်ပလီကေးရှင်းကို Campaign ကာလမတိုင်ခင် ဒေါင်းလုဒ်လုပ်ထားသော ပေါ်လစီရှင်များအတွက် ၊ Campaign ကာလအတွင်း Step-up Wrapper ကနဦးအာမခံအကာအကွယ် စတင်အကျုံး၀င်သည့်အခါတွင် အာမခံသက်တမ်း စတင်ပါသည်။ အာမခံသက်တမ်းစတင်သည့် နေ့မှစ၍ ၁နှစ် (၃၆၅) ရက်ထိ အာမခံသက်တမ်းမှာ အကျုံး၀င်ပါသည်။

၇။ “Certificate of Cover” ၊ “COC” ဆိုသည်မှာ Pulse အက်ပလီကေးရှင်း၏ PRUServices ထဲတွင် အာမခံရရှိသူထံသို့ ပေးပို့ထားသော အကျိုးခံစားခွင့် အထောက်အထားလက်မှတ်တစ်ခု ဖြစ်သည်။

၈။ “မတော်တဆ (သို့မဟုတ်) မတော်တဆဖြစ်သော” ဆိုသည် မှာ  မရည်ရွယ်ထားသော ၊ ကြိုမမြင်နိုင်သော ၊ မထင်မှတ်ထားသော  ထိခိုက်ဒဏ်ရာရခြင်းကို ဆိုလိုသည်။

 

စည်းမျဉ်းစည်းကမ်း (ချက်) များ

၁။ အသက် ၁၈ နှစ် မှ ၆၅ နှစ် အတွင်း ရှိရပါမည်။

၂။ Campaignကာလမတိုင်ခင်ဖြစ်စေ Campaignကာလအတွင်းတွင်ဖြစ်စေ Pulseအက်ပလီကေးရှင်းကို ‌‌ဒေါင်းလုဒ်လုပ် ထားပြီး စာရင်းသွင်း လျှောက်ထားခြင်းပြီးမြောက်ထားသူ ဖြစ်ရပါမည်။

၃။ ပြည်ထောင်စုမြန်မာနိုင်ငံသား (သို့မဟုတ်) မြန်မာနိုင်ငံတွင်း လက်ရှိနေထိုင်သည့် နိုင်ငံခြားသားဖြစ်ရမည်။

၅။ အခမဲ့အာမခံကမ်းလှမ်းမှု (ကနဦးအာမခံအကာအကွယ်) ရရှိချိန်တွင် ကုမ္ပဏီနှင့် လက်ရှိတည်မြဲနေသောပေါ်လစီ ကိုင်ဆောင်ထားသူ ဖြစ်ရပါမည်။

၆။ ပြိုင်ပွဲဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် Customer Service ဖုန်းနံပါတ်ဖြစ်သော ၀၉၇၇၀၁၁၀၀၁၀ ကို ဆက်သွယ်နိုင်ပါသည် သို့မဟုတ် ပရူဒန်ရှယ်အာမခံ၏ Facebook Messenger တွင်လည်း ဆက်သွယ်နိုင်ပါသည်။ အကယ်၍ ပြိုင်ပွဲတွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါက ဝင်ရောက်ယှဉ်ပြိုင်သူများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များ၊ Pulse အက်ပလီကေးရှင်း၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အသိပေးချက်အား သေချာစွာ နားလည်သဘောပေါက်စေရန် ဖတ်ရှုပြီးမှ သဘောတူလက်ခံရန် တိုက်တွန်းအကြံပြုလိုပါသည်။

၇။ ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်တစ်ခုတည်းဖြင့် ဖော်ပြပါ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပြိုင်ပွဲအား ပြင်ဆင်/ဖျက်သိမ်းခြင်း ပြုလုပ်နိုင်ပါသည်။

၈။ အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပရူဒန်ရှယ်အာမခံ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်။ ပရူဒန်ရှယ်အာမခံမှ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များအတွက် အီးမေးလ် သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ် မှတဆင့် လူကြီးမင်းအား ဆက်သွယ်နိုင်သည်။ Apple Inc. သို့မဟုတ် Google LLC သို့မဟုတ် Fitbit သို့မဟုတ် Garmin တို့သည် ယခု Step-Up Wrapper campaign အား ထောက်ပံ့မှု တစ်စုံတရာ ပြုလုပ်ထားခြင်း မရှိသလို ဆက်စပ်မှု တစ်စုံတရာ မရှိပါ။

၉။ ပရူဒန်ရှယ်အာမခံအနေဖြင့် ပြိုင်ပွဲဝင်များ၏ ကိုယ်ရေးလုံခြုံမှုကို ကာကွယ်ပေးနိုင်ရန် ကြိုတင် ခွင့်ပြုချက်မရရှိဘဲ အသေးစိတ် ကိုယ်ရေးအချက်အလက်များကို ထုတ်ဖော်မည် မဟုတ်ပါ။

၁၀။ မေးမြန်းစုံစမ်းလိုပါက ပရူဒန်ရှယ်အာမခံ၏ Customer Service ဖုန်း - ၀၉၇၇၀၁၁၀၀၁၀ သို့  (ရုံးချိန် - တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၉ နာရီမှ ညနေ ၁၀ နာရီခွဲအတွင်း၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များမှလွဲ၍) ဆက်သွယ်နိုင်သလို (သို့မဟုတ်) ပရူဒန်ရှယ်အာမခံ၏ Facebook Messenger တွင်လည်း ဆက်သွယ်နိုင်ပါသည်။

၁၁။ ပရူဒန်ရှယ်အာမခံ၏ ဝန်ထမ်းများနှင့် အကြံပေးများလည်း ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။ 

၁၂။ မိမိ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် ဤပြိုင်ပွဲတွင် စာရင်းပေးသွင်း၊ ပါဝင်ယှဉ်ပြိုင်ခြင်း ဖြစ်ပါသည်။

၁၃။ ပြိုင်ပွဲဝင်သည် သက်ဆိုင်ရာ တာဝန်ရှိသူများ သတ်မှတ်ထားသော ဘေးကင်းလုံခြုံရေးဆိုင်ရာ စည်းကမ်းများနှင့် လမ်းညွှန်ချက်များအားလုံးကို လိုက်နာရမည်။

 

ရရှိနိုင်သောအကျိုးခံစားခွင့်

အကျိုးခံစားခွင့်

အကျိုးခံစားခွင့်ပမာဏ

Step-up Wrapper - မတော်တဆမှုကြောင့် သေဆုံးမှုအတွက် အကျိုးခံစားခွင့်

(ကနဦး အခမဲ့အာမခံအကာအကွယ်)

  • Campaignကာလအတွင်း လက်ရှိတည်မြဲနေသော ပေါ်လစီကိုင်ဆောင်ထားသူများအတွက်သာ

ကျပ် ၅၀၀,၀၀၀

(၅သိန်းကျပ်)

Step-up Wrapper မတော်တဆမှုကြောင့် သေဆုံးမှုအတွက် အကျိုးခံစားခွင့်

(အပိုဆောင်း အခမဲ့အာမခံအကာအကွယ်)

  • အများဆုံးခံစားခွင့်အဖြစ် ၉၅သိန်းအထိရရှိနိုင်ပါသည်။
  • လုပ်ဆောင်ခဲ့သော ခြေလှမ်းများပေါ်အခြေခံ၍ အပိုဆောင်းအာမခံအကာအကွယ်ကို ရယူနိုင်ပါသည်။
  • Pulse အက်ပလီကေရှင်းထဲရှိ “Step Up Challenge” တွင် ပါ၀င်ရပါမည်။
  • တနေ့လျှင် အနည်းဆုံး ခြေလှမ်း ၃,၀၀၀ လှမ်းခြင်းဖြင့် အပိုဆောင်းအာမခံအကာအကွယ်ကို ရယူနိုင်ပါသည်။
  • အောက်ဖော်ပြပါအချက်များဖြင့် အခမဲ့အာမခံအကာအကွယ်ကိုရယူနိုင်ပါသည်။

(က) ခြေလှမ်း ၃,၀၀၀ မှ ခြေလှမ်းပေါင်း ၄,၉၉၉ အထိ - Pulse အဖွဲ့၀င်အား ခြေလှမ်းတိုင်းအတွက် အကျိုးခံစားခွင့်ပမာဏ ၁ ကျပ် ကို ရရှိအောင်ခွင့်ပြုထားပါသည်။

 

(ခ) ခြေလှမ်း ၅,၀၀၀ မှ ခြေလှမ်း ၉,၉၉၉ အထိ - Pulse အဖွဲ့၀င်အား ခြေလှမ်းတိုင်းအတွက် အကျိုးခံစားခွင့်ပမာဏ ၂ ကျပ် ကို ရရှိအောင်ခွင့်ပြုထားပါသည်။

 

(ဂ) ခြေလှမ်း ၁၀,၀၀၀ (သို့မဟုတ်) ပိုသော ခြေလှမ်းများအတွက် - Pulse အဖွဲ့၀င်အား ခြေလှမ်းတိုင်းအတွက် အာမခံထားရှိငွေ ၅ ကျပ် ကိုရယူနိုင်ပြီး အများဆုံး ရရှိနိုင်သော အာမခံငွေစုစုပေါင်းမှာ တစ်နေ့လျှင် အကျိုးခံစားခွင့်ပမာဏ ၅၀,၀၀၀ကျပ် အထိခွင့်ပြုထားပါသည်။

၃,၀၀၀ ကျပ် မှ

(အများဆုံး) ၉,၅၀၀,၀၀ ကျပ် အထိ

လုပ်ဆောင်ရမည့်အချက်များ

၁။ အာမခံအကာအကွယ်ရရှိသူသည် သူ/သူမ၏ နာမည်အောက်တွင် Certificate of Cover (COC) တစ်ခုသာ ပိုင်ဆိုင်ခွင့်ရှိသည်။

၂။ ကျပ် (၅) သိန်း တန်ဖိုးရှိ အခမဲ့အာမခံကမ်းလှမ်းမှုရရှိရန် အာမခံအကာအကွယ်ရရှိသူသည် Pulse အက်ပလီကေးရှင်းထဲရှိ PRUShoppe သို့၀င်ရောက်၍ Personal Accident Product ကိုရွေးချယ်ပြီး စာရင်းသွင်းလျှောက်ထားရပါမည်။ ငွေပေးချေရန်မလိုအပ်ပါ။

၃။ အပိုဆောင်းအာမခံအကာအကွယ်ကို စတင်ရရှိရန် အာမခံအကာအကွယ်ရရှိသူသည် Step Up Challenge တွင် ပါ၀င်ရပါမည်။ အာမခံအကာအကွယ်ရရှိသူသည် သူ/သူမ၏ လက်ရှိတည်မြဲနေသောပေါ်လစီများကို PRUServices ထဲတွင်မတွေ့ရှိပါက ထို PRUServices ထဲသို့သွား၍ ချိတ်ဆက်ထားရပါမည်။

၄။ အောက်ဖော်ပြပါ အချက်များဖြစ်ပေါ်လာပြီး မတော်တဆမှုကြောင့်သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်များကို ရရှိနိုင်ပါသည်။

(က) အာမခံအကာအကွယ်ရရှိသူသည် အာမခံသက်တမ်းအတွင်း မတော်တဆထိခိုက်ဒဏ်ရာ ရမှုကြောင့်သေဆုံးခြင်း။

(ခ) ကွယ်လွန်သည့်နေ့မှ သုံးလအတွင်း ကုမ္ပဏီသို့ တောင်းဆိုထားသော အကျိုးခံစားခွင့်။

(ဂ) အပိုဆောင်းအာမခံအကျိုးခံစားခွင့်ပမာဏ သည် Pulse အက်ပလီကေးရှင်းအတွင်းရှိ မှတ်တမ်းများကို အခြေခံ ပြီး၊ အသက်သေဆုံးသည့်အနေ့အထိ တွက်ချက်ပေးသွားမည်ဖြစ်သည်။ Google Fit, Apple Heath, Garmin Connect နှင့် Fitbit ကဲ့သို့သော အခြားအက်ပလီကေရှင်းများကို ခြေလှမ်းအရေအတွက်များအား တွက်ချက်ခြင်းအတွက် အသုံးပြုမည်မဟုတ်ပါ။ Pulse အက်ပလီကေရှင်းထဲတွင် မှတ်တမ်းတင်ထားသည့် ခြေလှမ်းအရေအတွက်များကိုသာ အသုံးပြုပါမည်။

(ဃ) ဤအကျိုးခံစားခွင့်သည် အခြားအာမခံပေါ်လစီများ နှင့် အခြားသောအခမဲ့အစီအစဥ်များမှရရှိသော အာမခံထားရှိသည့်ငွေပမာဏထဲသို့ ထပ်လောင်းပေါင်းထည့်ပေးသည်။

၅။ မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက်သာ အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပြီး အခြားသောကိုယ်လက်အင်္ဂါ တစိတ်တပိုင်းဆုံးရှုံးခြင်း နှင့် လုံး၀ မသန်စွမ်းဖြစ်ခြင်းများအတွက် အကျုံးမ၀င်ပါ။

၆။ မတော်တဆထိခိုက်မှုကြောင့် သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်ပမာဏသည် ကနဦးအာမခံအကာအကွယ် အပြင် လမ်းလျှောက်ခြင်းမှ ရရှိသည့် အပိုဆောင်းပမာဏပါ (ရှိခဲ့လျှင်) ပါ၀င်ပါသည်။ လမ်းလျှောက်ခြင်းမှ ရရှိသော အပိုဆောင်းအာမခံအကျိုးခံစားခွင့်ကို စတင်အသက်သွင်းရန် ပေါ်လစီကိုင်ဆောင်သူ/ အာမခံထားရှိသူ သည် ကနဦးအာမခံအကာအကွယ်ကို ရရှိထားရပါမည်။  

၇။ အာမခံအကာအကွယ်နှင့်သက်ဆိုင်သည့် မည်သူတစ်ဦးတစ်ယောက်ကမှ အာမခံသက်တမ်းအတွင်း မတော်တဆမှုကြောင့် အသက်သေဆုံးမှုအတွက် အကျိုးခံစားခွင့်အား မတောင်းဆိုခဲ့ပါက ကုမ္ပဏီမှနေ၍ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အာမခံအကာအကွယ်ရရှိသူအား အကြောင်းကြားကာ အာမခံအား သက်တမ်းတိုးနိုင်ပါသည်။

၈။ လိုအပ်သလိုပေးမည့် ထပ်ဆောင်းအကျိုးခံစားခွင့်များအား အာမခံအကာအကွယ်ရရှိသူ ထံသို့ ကျန်းမာစွာနေထိုင်နိုင်မည့်အလေ့အထများ, ၊ လှမ်းခဲ့သည့်ခြေလှမ်းအရေအတွက်၊ လမ်းလျှောက်ပွဲများနှင့်သက်ဆိုင် သည့် ပြိုင်ပွဲများအစား ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ဖြင့်သာ ပေးအပ်ပါမည်။

၉။ နောက်ဆုံးရသတင်းအချက်အလက်များနှင့် ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်များလျို့၀ှက်ထားရှိမှု အသိပေးကြေငြာချက် ကို   www.prudential.com.mm တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။

ထောက်ပံ့ပေးထားသော Wearables: Apple Health, Fitbit, Garmin Connect, Google Fit, Strava, Withings

ကျေးဇူးပြ၍ သတိပြုရန် challenge စတင်ပါဝင်ပြီး ၂ရက်မြောက်နေ့မှ သင့်၏ ခြေလှမ်းအရေအတွက်အမှန်ကို တွေ့မြင်နိုင်ပါမည်။

၁၀။ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးမူ၀ါဒ - ဤအာမခံပေါ်လစီတွင် ပါ၀င်သည့် ကွဲလွဲသောအချက်အလက်များနှင့် မသက်ဆိုင်ပဲ ၊

[က] ပေါ်လစီရှင်၊ အသက်အာမခံထားသူ (သို့မဟုတ်) အာမခံလျှောက်ထားရာတွင် နာမည်တင်သွင်းခဲ့သော အကျိုးခံစားခွင့်ရှိသည့်မည်သူမဆို၊ အကျိုးခံစားခွင့်ရှိသူအဖြစ်ရွေးချယ်ခံထားရသူ၊ အကျိုးခံစားခွင့်ရှိသူ၊ ဤပေါ်လစီဖြင့်သက်ဆိုင်သည့်တစ်ဦးတစ်ယောက်ချင်း (သို့မဟုတ်) အဖွဲ့အစည်းလိုက် (ငွေပေးချေသူအပါအ၀င်) ပိတ်ဆို့အရေးယူခံရသည့်စာရင်းတွင် နာမည်ပါ၀င်နေသည်ကို ကျွန်ုပ်တို့သိရှိလျှင်(သို့မဟုတ်) ကျွန်ုပ်တို့ထံသို့ အကြောင်းကြားခံရလျှင်၊  (သို့မဟုတ်)  

[] ကျွန်ုပ်တို့သော်လည်းကောင်း ၊ ဘဏ်တစ်ခုခု (သို့မဟုတ်) အခြားသက်ဆိုင်ရာအဖွဲ့အစည်းများမှ ဤမူဝါဒအရ အရေးယူဆောင်ရွက်မှုကြောင့် ပိတ်ဆို့အရေးယူရန်တာဝန်ကို ချိုးဖောက် ပျက်ကွက်ကြောင်း တွေ့ရှိခဲ့လျှင်

ရက်ပေါင်း(၃၀) အသိပေးကာလပြီးလျှင် ကျွန်ုပ်တို့အနေဖြင့် ဤပေါ်လစီအား ချက်ချင်းဖျက်သိမ်းခြင်း၊ နှင့် / (သို့မဟုတ်)

အစိုးရအာဏာပိုင်များထံသို့အသိပေးခြင်းအား ကန့်သတ်မထားပဲ မည်သည့်ပေးချေမှုများမှမဆို လိုအပ်သလို နှုတ်ယူထားခြင်း (သို့မဟုတ်) ကျွန်ုပ်ထံသို့ပေးချေထားသည့်ငွေကြေးများအား ထိန်းသိမ်းထားခြင်း၊ ရပ်စဲထားခြင်း နှင့် ၎င်းပေးချေထားသည့်ငွေကြေးများအား သက်ဆိုင်ရာအစိုးရအာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခြင်း စသည့်  အရေးယူဆောင်ရွက်ခြင်းများကို လိုအပ်သလို လုပ်ဆောင်နိုင်ပါသည်။

ဤအပိုဒ်တွင်ပါ၀င်သော အရေးယူဆောင်ရွက်မှုကြောင့် သင် (သို့မဟုတ်) အခြားတစ်ဦးတစ်ယောက် အပေါ်တွင်ဖြစ်ပေါ်လာနိုင်သည့် မည်သည့်ဆုံးရှုံးမှုကိုမဆို ကျွန်ုပ်တို့ဘက်မှတာ၀န်ယူမည်မဟုတ်ပါ။ ဤအပိုဒ်ပါ လုပ်ငန်းစဉ်၏ လုပ်ဆောင်မှုများကြောင့် ကျွန်ုပ်တို့တွင်ဖြစ်ပေါ်လာနိုင်သည့် ဆုံးရှုံးမှုများကို ဤပေါ်လစီအားရပ်စဲခြင်းခြင်း ဖြစ်စေ (သို့မဟုတ်) သက်တမ်းကုန်ဆုံးခြင်ဖြစ်စေ တောင်းဆိုနိုင်ခြင်းသည် ဆက်လက်တည်မြဲမည်။

 

အကျိုးခံစားခွင့်မရရှိနိုင်သည့်ခြွင်းချက်များ

မတော်တဆမှုကြောင့်သေဆုံးခြင်းအတွက်သာ အကျိုးခံစားခွင့်ကိုတောင်းဆိုနိုင်ပြီး  နေမကောင်းဖြစ်ခြင်း၊ သဘာ၀အလျောက်သေဆုံး ခြင်းတို့အတွက် အကျုံးမ၀င်ပါ။

ထို့အပြင် အောက်ဖော်ပြပါကိစ္စရပ်တစ်ခုခုနှင့်ပတ်သက်၍ မတော်တဆမှုကြောင့် သေဆုံးခဲ့လျှင် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ၊ တစ်ခုလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေ ဤပေါ်လစီအောက်ရှိ အသက်ဆုံးရှုံးခြင်းအတွက်အကျိုးခံစားခွင့်ကို ကုမ္ပဏီမှ ပေး‌လျော်လိမ့်မည်မဟုတ်ပါ။ 

၁။ စိတ်ကျန်းမာရေး ကောင်းမွန်နေစဥ်အတွင်း (သို့မဟုတ်) ကောင်းမွန်ခြင်းမရှိနေစဥ်အတွင်း၊ ကြိုးပမ်းအားထုတ်သည်ဖြစ်စေ မိမိကိုယ်ကိုဒဏ်ရာအနာတရအောင်ဖြစ်စေ မိမိကိုယ်ကိုသတ်သေခြင်း (သို့မဟုတ်) မိမိကိုယ်ကိုဒဏ်ရာအနာတရ ဖြစ်အောင်ကြိုးပမ်းအားထုတ်မှု။ (သို့မဟုတ်)

၂။ သတ်မှတ်ထားသောလမ်းကြောင်းပေါ်တွင် စီစဥ်ထားရှိသောလေကြောင်းခရီးစဥ်များပေါ်ရှိ ခရီးသည်၀န်ဆောင်မှုများ အတွက် လိုင်စင်ရပြေးဆွဲနေသည့် စီးပွားဖြစ်လေယာဥ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် လေယာဥ်မှူး (သို့မဟုတ်) လေယာဥ်အမှူထမ်း (သို့မဟုတ်) အခကြေးငွေပေး၍စီးနင်းလိုက်ပါလာသောခရီးသည်များမှအပ အခြားသောလေယာဥ်ဖြင့် ခရီးသွားလာခြင်း။ (သို့မဟုတ်)

၃။ တွဲလဲခိုစွန်စီးခြင်း၊ မီးပုံးပျံစီးခြင်း၊ လေထီးခုန်ခြင်း၊ အလွတ်လေထီးခုန်ခြင်း၊ Bungee Jumping (ကျုံ့နိုင်ဆန့်နိုင်သော ကြိုးတစ်ခုကို ကိုယ်တွင်ချည်၍ မြင့်မားသည့်နေရာမှ ခုန်ချခြင်း) နှင့် အခြားတူညီသည့်လှုပ်ရှားမှုများ ကဲ့သို့သော မည်သည့်လေကြောင်းအားကစားလှုပ်ရှားမှုများတွင်မဆို ပါ၀င်ခြင်း။ (သို့မဟုတ်)

၄။ အသက်အာမခံထားသူမှ ရာဇ၀တ်မှုကျူးလွန်ခြင်း (သို့မဟုတ်) ရာဇ၀တ်မှုကျူးလွန်ရန်ကြိုးပမ်းခြင်းအားထုတ်မှု။ (သို့မဟုတ်)

၅။ မူးယစ်ဆေး၀ါးနှင့် စိတ်ကြွဆေးများ သုံးစွဲခြင်း (သို့မဟုတ်) ၎င်းတို့၏ နောက်ဆက်တွဲရောဂါဆိုးကျိုးများ (သို့မဟုတ်)

၆။ (စစ်ကြေညာထားသည်ဖြစ်စေ (သို့မဟုတ်) စစ်ကြေညာထားခြင်းမရှိသည်ဖြစ်စေ) ကျူးကျော်စစ်ပြုမှုများ၊ ပြည်ပနိုင်ငံများ၏ ဆောင်ရွက်ချက်များ၊ ရန်သူ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ပြည်တွင်းစစ်များ၊ ပုန်ကန် ဆူပူအုံ ကြွမှုများ၊ တော်လှန်တိုက်ခိုက်မှုများ၊ အဓိကရုဏ်းများ၊ စစ်ဖက်အာဏာပိုင်များ၏ ကြားဝင်ဟန့်တားမှုများ သို့မဟုတ် မတရား ကျူးကျော်သိမ်းပိုက်မှုများ အပါအဝင် စစ်ပွဲများ သို့မဟုတ် အပျက်သဘောဆောင်သည့် ပြုမူ ဆောင်ရွက်ချက်များ။ (သို့မဟုတ်)

၇။ မတော်တဆဒဏ်ရာများနှင့် တပြိုင်တည်းဖြစ်ပေါ်လာသော နောက်ဆက်တွဲ အကျိုးဆက်များကြောင့်  ရောဂါပိုး၀င်ရောက်မှုများမှအပ၊ နဂိုရှိရင်းစွဲ အခြေအနေ၊ မနာမကျန်းဖြစ်မှု (သို့မဟုတ်) ၊ပိုးမွှားများကိုက်ခြင်း (သို့မဟုတ်) မည်သည့်ကူးစက်မှုကြောင့်မဆိုဖြစ်ပေါ်လာသော ရောဂါများနှင့် မနာမကျန်းဖြစ်မှု။ (သို့မဟုတ်)

၈။ စိတ်ရောဂါ (သို့မဟုတ်) စိတ်ပိုင်းဆိုင်ရာ နာမကျန်းဖြစ်မှု၊ စိတ်လှုပ်ရှား စိုးရိမ်လွန်ကဲမှုရောဂါ (သို့မဟုတ်) အာရုံကြောရောဂါများ။

 

အကျိုးခံစားခွင့်တောင်းခံခြင်း

အကျိုးခံစားခွင့်တောင်းဆိုရန် နည်းလမ်းနှစ်သွယ်ရှိပါသည်။ ၎င်းကို အောက်ပါအတိုင်းဆောင်ရွက်နိုင်ပါသည်။

Pulse အက်ပလီကေးရှင်းထဲတွင် အွန်လိုင်းမှတဆင့် အကျိုးခံစားခွင့်တောင်းခံခြင်း။ (အကျိုးခံစားခွင့်ရှိသူအတွက်သာ)

အဆင့် ၁:

PRUServices သို့၀င်ပါ။ “filing a death claim” ကို ရွေးချယ်ပြီး အွန်လိုင်း အကျိုးခံစားခွင့်တောင်းလွှာကို ဖြည့်စွက်ပါ။

အဆင့် ၂:

အောက်ပါ စာရွက်စာတမ်းအထောက်အထားများကို ပြင်ဆင်၍ ၎င်းတို့ကို အွန်လိုင်းမှနေ၍တင်ပါ။

  • သေစာရင်းမူရင်း (သို့မဟုတ်) ၎င်း၏ အသိအမှတ်ပြုမိတ္တူ၊
  • အကျိုးခံစားခွင့်ရှိသူ/ရွေးချယ်ခံထားရသူ ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား (သို့မဟုတ်) အသိအမှတ်ပြု စိစစ်ရေး အထောက်အထား၊
  • ရဲအာဏာပိုင်များ၏ နောက်ဆုံးစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ၏ အသိအမှတ်ပြုမိတ္တူ၊

(ဖော်ပြပါအချက်အလက်များသည် အပြည့်အစုံ မဟုတ်ပါ။ ကုမ္ပဏီမှနေ၍ အထက်တွင်ဖော်ပြထားခြင်းမရှိသော စာရွက်စာတမ်းများကို တောင်းဆိုလာနိုင်ပါသည်။)

 

အဆင့် ၃:

 “Submit” ကိုနိုပ်ပါ။

 

ကုမ္ပဏီသို့တိုက်ရိုက် အကျိုးခံစားခွင့်တောင်းခံခြင်း။

အဆင့် ၁:

အကျိုးခံစားခွင့်တောင်းခံလွှာကို ဖြည့်ပါ။ ဤတောင်းခံလွှာကို ရယူရန်, ကျွန်ုပ်တို့၏ ဝဘ်ဆိုဒ် ရှိ “Claim and Services” tab သို့၀င်ရောက်၍ ဤလင့်ခ် Claim-form-eng.pdf (prudential.com.mm) ကို နိုပ်ပါ။

အဆင့် ၂:

အွန်လိုင်းမှတစ်ဆင့် အကျိုးခံစားခွင့်တောင်းခံခြင်း၏ အဆင့် ၂ တွင်ဖေါ်ပြပါရှိသော စာရွက်စာတမ်းများကို ပြင်ဆင်ပါ။

အဆင့် ၃:

အကျိုးခံစားခွင့်တောင်းခံလွှာနှင့်အတူ လိုအပ်သည့် စာရွက်စာတမ်းအထောက်အထားများကို သင်၏ financial consultant များမှတဆင့် (သို့မဟုတ်)  claims@prudential.com.mm အီးမေးလ်သို့ လိပ်မူ၍ Customer Service Center သို့ ပေးပို့လျှောက်ထားပါ။

အဆင့် ၄:

တနည်းအားဖြင့် သင်၏အကျိုးခံစားခွင့်တောင်းခံလွှာနှင့်အတူ စာရွက်စာတမ်းအထာက်အထားများကို တစ်ပါတည်း ယူဆောင်လာပြီး ကျွန်ုပ်တို့၏ရုံးချုပ်ဖြစ်သော #၁၅-၀၁၊ ၁၅ လွှာ၊ Sule Square၊ အမှတ်- ၂၂၁ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ သို့ ကိုယ်တိုင် ပေးပို့လျှောက်ထားနိုင်ပါသည်။

အကြံပေးချက်များ

၁။ ပရူဒန်ရှယ်မြန်မာတွင်ထားရှိထားသည့် သင်၏သက်တမ်းရှိပေါ်လစီများကို အလိုအလျောက်ကြည့်ရှုနိုင်ရန် အာမခံလျှောက်ထားသည့်အခါနှင့် Pulseအက်ပလီကေးရှင်းတွင် စာရင်းသွင်းသည့်အခါများတွင် အီးမေးလ် လိပ်စာတစ်ခုတည်းကိုသာ အသုံးပြုပါ။ ၎င်းအီးမေးလ်လိပ်စာသည် သင်တစ်ဦးတည်းအသုံးပြုသော အီးမေးလ် လိပ်စာသာ ဖြစ်ရမည်ဖြစ်ပြီး၊ ကျွန်ုပ်တို့ထံတွင် အာမခံထားရှိထားသည့် အခြားတစ်စုံတစ်ဦး အသုံးပြုထားသော အီးမေးလ်လိပ်စာ မဖြစ်ရပါ။

၂။ သင်၏အကျိုးခံစားခွင့်ရှိသူများကို သင်၏ Step-up Wrapper ပေါ်လစီအား ကြည့်ရှုခွင့်ပေးရန်၊ သူ/သူမသည် Pulse အက်ပလီကေးရှင်းထဲသို့ စာရင်းသွင်း၀င်ရောက်သည့်အခါတွင် သင်မှနေ၍အက်ပလီကေးရှင်းထဲ၌ ၎င်းတို့အား နာမည်စားရင်းပေးသွင်ရာတွင် အသုံးပြုခဲ့သည့် ၎င်းတို့၏ အီးမေးလ်လိပ်စာနှင့် ဖုန်းနံပါတ်ကိုသာ အသုံးပြုရပါမည်။

 

 

သင့်ကျန်းမာရေးကို အခုပဲ စစ်ဆေးကြည့်ပါ။

အက်ပလီကေးရှင်းကို သင့်ရဲ့ဖုန်းထဲမှာ အခုပဲ ဒေါင်းလုပ်ဆွဲပြီး မိမိကိုယ်တိုင်ကျန်းမာကြံ့ခိုင်ရေး ကျွမ်းကျင်သူတစ်ဦးအဖြစ် စတင်နေထိုင်လိုက်ပါ။