English

“ကျန်းမာပျော်ရွှင်ဖို့ ကကြစို့” အစီအစဉ် သတ်မှတ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများ

အစီအစဉ်အသေးစိတ်နှင့် အကဗီဒီယိုများ တင်ရန် နည်းလမ်းအဆင့်ဆင့

၁) ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း (ပြိုင်ပွဲကာလ) Dance Workshops Myanmar Academy (“dwM”) ၏ customers များသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။

၂) dwM တွင် အကသင်တန်း တက်ရောက်နေသူများနှင့် ပရူဒန်ရှယ်အာမခံ၏ PRUTerm အာမခံထားရှိသူများသည် dwM နှင့် PRUTerm ထုတ်ကုန် အခြေအနေများနှင့် လိုအပ်ချက်များကို လိုက်နာရန် လိုအပ်ပါသည်။

၃) PRUTerm အာမခံအစီအစဉ်ကို ဝယ်ယူပြီးသော dwM customer သည် SuperM ဖျော်ဖြေပွဲလက်မှတ်ကို ရရှိမည်ဖြစ်ပြီး အကပြိုင်ပွဲ အစီအစဉ်တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

၄) ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် AI နည်းပညာသုံး အက်ပလီကေးရှင်းဖြစ်သည့် Pulse by Prudential ကို ဒေါင်းလုတ်ရယူထားရမည်ဖြစ်ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန်အတွက် Pulse အက်ပလီကေးရှင်းအတွင်းမှ ကျန်းမာပျော်ရွှင်ဖို့ ကကြစို့အဖွဲ့တွင် မိမိတို့၏ အကဗီဒီယိုများကို တင်ပေးရမည်ဖြစ်သည်။

၅) ပါဝင်ယှဉ်ပြိုင်သူများသည် မိမိတို့၏ ပြိုင်ပွဲဝင်အကဗီဒီယိုများကို တင်ရန်အတွက် အောက်ပါအချက်များ အားလုံးကို ပြည့်စုံစွာ ပြုလုပ်ပေးရန် လိုအပ်ပါသည်။ (ဆက်လက်ကြည့်ရှုပါ)

အဆင့် (၁) - သင့်ရဲ့ မှတ်ပုံတင်ထားသော ဖုန်းနံပါတ်/အီးမေးလ်လိပ်စာ ကို အသုံးပြု၍ Pulse အက်ပလီကေးရှင်းထဲသို့ လော့အင်ဝင်ရောက်ပါ။

အဆင့် (၂) – Pulse အက်ပလီကေးရှင်းအတွင်းမှ “My Communities” တွင် “Join” ခလုတ်အား နှိပ်ပါ။

အဆင့် (၃) - “All Communities” ကို နှိပ်ပြီးနောက် “ကျန်းမာပျော်ရွှင်ဖို့ ကကြစို့” နေရာရှိ “Join” ခလုတ်ကိုနှိပ်ပါ။ ထို့နောက် သင်၏ အဖွဲ့များအတွင်း “ကျန်းမာပျော်ရွှင်ဖို့ ကကြစို့” အဖွဲ့ ပေါ်လာသည်ကို တွေ့ရပါမည်။

အဆင့် (၄) - ပြိုင်ပွဲဝင် အကဗီဒီယိုများကို တင်ရန်အတွက် “Create Post” အား နှိပ်ပါ။

အဆင့် (၅) - “Fitness” အမျိုးအစားကို ရွေးချယ်ပြီး “SuperM Cover Dance – dwM_[တန်းခွဲနံပါတ်]_[အမည်]” ဟု ခေါင်းစဉ်တပ်ပြီး “#SuperM_Dance_Challenge” ၊ “#dwM” hashtag များနှင့်အတူ ဗီဒီယိုကို တင်လိုက်ပါ။

၆) Pulse အက်ပလီကေးရှင်းမှတစ်ဆင့် အကဗီဒီယိုတင်ရာတွင် နည်းပညာပိုင်း အခက်အခဲရှိသော ပြိုင်ပွဲဝင်များအနေဖြင့် dwM ကို ဆက်သွယ်နိုင်ပါသည်။

၇) အနိုင်ရရှိသူအား သတ်မှတ်ထားသော ဒိုင်အဖွဲ့ဝင်များမှ ပြိုင်ပွဲကာလ ပြီးဆုံးချိန်တွင် စီစစ်ရွေးချယ်သွားမည်ဖြစ်ပြီး အနိုင်ရရှိသူများကိုလည်း ကြေညာပေးသွားမည်ဖြစ်သည်။

 

သတ်မှတ်ချက်နှင့် စည်းမျဉ်းစည်းကမ်းများ

၁) ကျန်းမာပျော်ရွှင်ဖို့ ကကြစို့ပြိုင်ပွဲကို ပရူဒန်ရှယ်အာမခံ (“PMLI”) နှင့် dwM Studio တု့ိမှ စီစဉ်ကျင်းပခြင်း ဖြစ်ပါသည်။ ပရိုမိုးရှင်းကာလသည် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃ နာရီ ၅၉ မိနစ်အထိ ဖြစ်ပြီး ဖော်ပြပါ နေ့ရက်နှစ်ရက်စလုံးသည်လည်း (“ပရိုမိုးရှင်းကာလ”) တွင် အကျုံးဝင်ပါသည်။

၂) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ယခု စာမျက်နှာတွင် ဖော်ပြထားသော ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအားလုံးကို သဘောတူညီပြီး ဖြစ်သည်ဟု သတ်မှတ်မည်။

၃) PRUTerm သည် ပရူဒန်ရှယ်အာမခံ (PMLI) ၏ အာမခံပေါ်လစီ အမျိုးအစားတစ်ခု ဖြစ်ပါသည်။ ပေါ်လစီနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းချက်များသည် အကျုံးဝင်ပါသည်။ အဆိုပါ အာမခံနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက https://www.prudential.com.mm/en/all-products/pruterm/ တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။ PRUTerm ကို ၁၅ ရက် အခမဲ့ လေ့လာခွင့်ကာလ ပေးထားပါသည်။ ထိုကာလတွင် လူကြီးမင်းအနေဖြင့် ပေါ်လစီ၏ အကျိုးခံစားခွင့်များနှင့် ကန့်သတ်ချက်များကို သေသေချာချာ ဖတ်ရှုလေ့လာရန် တိုက်တွန်းလိုပါသည်။ ထိုကာလအတွင်းတွင် လူကြီးမင်းအနေဖြင့် ပေါ်လစီနှင့်ပတ်သက်ပြီး လူကြီးမင်းလိုအပ်သော အချက်များနှင့် မတိုက်ဆိုင်ပါက သို့မဟုတ် လူကြီးမင်းမျှော်မှန်းထားသည်များနှင့် မကိုက်ညီပါက PMLI ၏ Customer Service hotline ၀၉ ၇၇ ၀၁၁ ၀၀၁၀ ကနေတစ်ဆင့် ပေါ်လစီအား ပယ်ဖျက်နိုင်ပါသည်။ ပေါ်လစီပယ်ဖျက်ရာတွင် ပရူဒန်ရှယ်အာမခံမှ လူကြီးမင်းပေးသွင်းခဲ့သော ပရီမီယံကြေးအား အကြောင်းတစုံတရာ မေးမြန်းခြင်းမရှိဘဲ ပြန်လည်ပေးချေပါမည်။ အခမဲ့ကာလ လွန်ပြီးနောက် dwM Studio နှင့်/သို့မဟုတ် PMLI အာမခံပေါ်လစီအမျိုးအစား သို့မဟုတ် မည်သည့်အကြောင်းကြောင့်မဆို အာမခံဝယ်ယူခြင်း ဖျက်သိမ်းလိုပါက PRUTerm အတွက် ပေးသွင်းထားသော ပရီမီယံကြေးအား ပြန်လည်ပေးချေမည် မဟုတ်ပါ။

၄) အကလေ့ကျင့်သင်ကြားမှုများအား Dance Workshops Myanmar Academy (dwM) မှ စီစဉ်သင်ကြားပေးပါမည်။ လေ့ကျင့်သင်ကြားမှုနှင့် ပတ်သက်သော မေးခွန်းများအား dwM မှ ပြန်လည်ဖြေကြားေ ဆာင်ရွက် သွားမည် ဖြစ်သည်။ ပရူဒန်ရှယ်အနေဖြင့် လေ့ကျင့်သင်ကြားမှုနှင့် ပတ်သက်သော မေးခွန်းများအား တာဝန်ယူဖြေကြားပေးနိုင်မည် မဟုတ်ပါ။ 

၅) အကပြိုင်ပွဲအတွက် ပရိုမိုးရှင်းကာလအပြီးတွင် မဲနှိုက်ရွေးချယ်သည့် အစီအစဉ်အား ဆောင်ရွက်သွားပါမည်။

၆) အကဲဖြတ်သည့်အချိန်တွင် အကပြိုင်ပွဲ၏ အနိုင်ရရှိသူများသည် Pulse အက်ပလီကေးရှင်း၏ တရားဝင် အသုံးပြုသူများ ဖြစ်ရမည်။ (အငြင်းပွားစရာ အခြေအနေတစ်ခု ရှိလာပါက ပရူဒန်ရှယ် အာမခံ၏ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်ပါသည်) အဆိုပါ သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိပါက သက်ဆိုင်ရာ အနိုင်ရရှိသူများသည် နောက်ထပ် အကြောင်းကြားမှု တစ်စုံတရာမလိုအပ်ဘဲ ပြိုင်ပွဲဝင်ရန် အရည်အချင်းမပြည့်ဟု သတ်မှတ်မည်။ ပရူဒန်ရှယ် အာမခံအနေဖြင့် အကပြိုင်ပွဲ၏ နောက်ဆုံးရလဒ်များကို ထုတ်ပြန်ကြေညာပြီးနောက်ပိုင်းတွင် အနိုင်ရရှိသူများ၏ ကိုယ်ရေးအချက်အလက်ကို ထပ်မံ စစ်ဆေးအတည်ပြုနိုင်ခွင့် ရှိရမည်။

၇) အနိုင်ရရှိသူများအား ခန့်အပ်ထားသော အကဲဖြတ်ဒိုင်လူကြီးများမှ အကဲဖြတ်စစ်ဆေးပေးသွားမည် ဖြစ်သည်။ အကပြိုင်ပွဲ၏ နောက်ဆုံးရလဒ်များ

၈) ပရူဒန်ရှယ်အာမခံမှ အနိုင်ရရှိသူ စာရင်းအား dwM Facebook စာမျက်နှာတွင် ကြေညာသွားမည်ဖြစ်ပြီး Pulse အက်ပလီကေးရှင်းတွင် စာရင်းပေးသွင်းစဉ်က ထည့်သွင်းထားသည့် မိုဘိုင်းဖုန်းနံပါတ်/ အီးမေးလ်လိပ်စာ တို့မှတစ်ဆင့် ဆုထုတ်ယူရမည့် အစီအစဉ်အကြောင်း အီးမေးလ်/SMS စာတို/Viber တို့ဖြင့် တစ်ဦးချင်း အသိပေးအကြောင်းကြားသွားမည် ဖြစ်သည်။

၉) ဆုများအား ငွေသားဖြင့် လဲလှယ်ထုတ်ယူခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချခြင်း ပြုလုပ်၍မရသလို သတ်မှတ်ထားသော ဆုထုတ်ယူနိုင်သည့် ကာလအတွင်းတွင်သာ ထုတ်ယူရမည် ဖြစ်သည်။ ကံထူးရှင်သည် အခြေအနေအရပ်ရပ်ကြောင့် ဆုလက်ဆောင် မထုတ်ယူခြင်း၊ အချိန်မီ မထုတ်ယူနိုင်ခြင်း ဖြစ်ခဲ့လျှင် ဆုကို လက်လွှတ်လိုက်ပြီဟု သတ်မှတ်ပြီး နောက်ထပ် အကြောင်းကြားမှု တစ်စုံတရာမလိုအပ်ဘဲ လာရောက်မထုတ်ယူနိုင်ဟု သတ်မှတ်မည်။ 

၁၀) ကျန်းမာပျော်ရွှင်ဖို့ ကကြစို့ပြိုင်ပွဲ သို့မဟုတ် စုံစမ်းမေးမြန်းမှုများမှတစ်ဆင့် ပြိုင်ပွဲဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် Dance workshops Myanmar ၏ Customer Care ဖုန်းနံပတ်ဖြစ်သော ၀၉၉၇၉၂၄၈၀၃၈ ကို ဆက်သွယ်နိုင်ပါသည်။

၁၁) အကယ်၍ ပြိုင်ပွဲတွင် ဝင်ရောက်ထားမှုကို ဖျက်သိမ်းရန် သို့မဟုတ် ပြိုင်ပွဲမှထွက်ရန် အကြောင်းကြားမှု တစ်စုံတစ်ရာ မရှိပါက ဝင်ရောက်ယှဉ်ပြိုင်သူများအား ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များ၊ Pulse အက်ပလီကေးရှင်း၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ အသိပေးချက်အား သေချာစွာ နားလည်သဘောပေါက်စေရန် ဖတ်ရှုပြီးမှ သဘောတူလက်ခံရန် တိုက်တွန်းအကြံပြုလိုပါသည်။

၁၂) ပရူဒန်ရှယ် အာမခံ၏ သဘောဆန္ဒ၊ ဆုံးဖြတ်ချက်ပေါ် မူတည်၍ ဖော်ပြပါ ပြိုင်ပွဲစည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအား ပြင်ဆင်ခြင်း သို့မဟုတ် ပြိုင်ပွဲအား ပြင်ဆင်/ ဖျက်သိမ်းမှုများကို ပြုလုပ်နိုင်ပါသည်။

၁၃) အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပရူဒန်ရှယ် အာမခံနှင့် dwM တို့၏ ဆုံးဖြတ်ချက်သာလျင် အတည်ဖြစ်ပါသည်။

၁၄) ပရူဒန်ရှယ် အာမခံမှ နောက်ထပ်ပြုလုပ်မည့် အစီအစဉ်များအတွက် အီးမေးလ် သို့မဟုတ် မိုဘိုင်းဖုန်းမှတဆင့် လူကြီးမင်းအား ဆက်သွယ်နိုင်သည်။

၁၅) PRUTerm ပေါ်လစီနှင့် ပတ်သက်ပြီး အသေးစိတ် သိရှိလိုပါက ပရူဒန်ရှယ် အာမခံ၏ Customer Service ဖုန်း - ၀၉၇၇ ၀၁၁၀ ၀၁၀ သို့ (ရုံးချိန် - တနင်္လာနေ့မှ သောကြာနေ့၊ နံနက် ၉ နာရီမှ ၅ နာရီခွဲအတွင်း၊ စနေ၊ တနင်္ဂနွေနှင့် အစိုးရ ရုံးပိတ်ရက်များမှ လွဲ၍) ဆက်သွယ်နိုင်ပါသည်။ ပရူဒန်ရှယ် အာမခံ၏ လုပ်ငန်းဝဘ်ဆိုက် www.prudential.com.mm တွင်လည်း ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါသည်။

၁၆) ပရူဒန်ရှယ် အာမခံသည် ပြိုင်ပွဲတွင် ပေးအပ်သည့် ဆုလက်ဆောင်အား ထုတ်လုပ်/ဖြန့်ချိသူ နှင့် ထုတ်လုပ်/ဖြန့်ချိသူများ၏ ကိုယ်စားလှယ် မဟုတ်ပါ။ ဆုလက်ဆောင်၏ အရည်အသွေး၊ အသုံးဝင်မှု၊ ပို့ဆောင်ပေးမှု၊ အသုံးပြုမှု စသည်တို့နှင့် ပတ်သက်သော နောက်ဆက်တွဲ အခြေအနေများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှု ပြုလုပ်မည် မဟုတ်ပါ။ ဆုလက်ဆောင် အသုံးပြုရာတွင် သက်ဆိုင်ရာ ထုတ်လုပ်/ဖြန့်ချိသူက ဖော်ပြထားသည့် စည်းမျဉ်း၊ စည်းကမ်း သတ်မှတ်ချက်များအရ ဆောင်ရွက်နိုင်ပါသည်။ ဆုလက်ဆောင်နှင့် ပတ်သက်သည့် မည့်သည့်ကိစ္စရပ် တစ်စုံတရာကိုဖြစ်စေ (ဆုလက်ဆောင်၏ အရည်အသွေး၊ အသုံးဝင်မှု၊ ပို့ဆောင်ပေးမှု၊ အသုံးပြုမှုတို့ အပါအဝင် အခြားကိစ္စများ) တာဝန်ယူမှု၊ တာဝန်ခံမှု မပြုလုပ်ပါ။ ဆုလက်ဆောင်ကို အသုံးပြုခြင်း၊ မှားယွင်းအသုံးပြုခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းအရာတစ်ခုခုကြောင့်ဖြစ်စေ ပျောက်ဆုံး၊ ပျက်စီးခြင်းတို့အတွက် ပရူဒန်ရှယ် အာမခံမှ တာဝန်ယူမှု၊ တာဝန်ခံမှု မပြုလုပ်ပါ။

 (၁၇) ပရူဒန်ရှယ် အာမခံ၏ ဝန်ထမ်းများ၊ အကြံပေးအရာရှိများနှင့် dwM မှ ဝန်ထမ်းများအားလုံး ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် မရှိပါ။

၁၈) ပြိုင်ပွဲအား Dance Workshops Myanmar Academy (dwM) ၏ customer များအတွက်သာ စီစဉ်ကျင်းပခြင်း ဖြစ်ပါသည်။

၁၉) ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မတိုင်ခင် သို့မဟုတ် ၁ ရက်နေ့တွင် ပရူဒန်ရှယ် အာမခံမှ ဖျော်ဖြေပွဲ ကြည့်ရှုခွင့်ရရှိသူများအား Pulse စာရင်းပေးသွင်းစဉ်က ဖြည့်စွက်ခဲ့သည့် ဖုန်းနံပါတ်သို့ ဖျော်ဖြေပွဲကြည့်ရှုရာတွင် လိုအပ်သည့် အသေးစိတ်အချက်အလက်များကို SMS ပေးပို့ အသိပေးသွားမည် ဖြစ်ပါသည်။ ကြည့်ရှုခွင့်ရရှိသူများသည် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့တွင် သီးသန့်ပေးပို့ထားသော လင့်ခ်မှတစ်ဆင့် ဝင်ရောက်ပြီး ဖျော်ဖြေပွဲအား ကြည့်ရှုနိုင်မည် ဖြစ်သည်။

၂၀) အထူးဝင်ရောက်ကြည့်ရှုခွင့်သည် အနိုင်ရရှိသူ၏ ဖုန်း၊ ကွန်ပျုတာ တစ်လုံးတည်းဖြင့်သာ တစ်ချိန်တည်းတွင် ဝင်ရောက်နိုင်ပြီး အခြားစက်များနှင့် မျှဝေခြင်း သို့မဟုတ် လွှဲပြောင်းခြင်းပြုလုပ်နိုင်မည် မဟုတ်ပါ။

၂၁) ဖျော်ဖြေပွဲ ကြည့်ရှုခွင့် အသေးစိတ်အချက်အလက်များအကြောင်း ပေးပို့သော SMS ကို တစ်ကြိမ်တည်းသာ ပေးပို့သွားမည် ဖြစ်သည်။ အကယ်၍ လူကြီးမင်းအနေဖြင့် SMS အား ဖျက်ခြင်း သို့မဟုတ် ဖုန်းနံပါတ်ပြောင်းလဲခြင်း ဖြစ်ပွားပါက ပရူဒန်ရှယ်အာမခံမှ ထပ်မံ ပေးပို့မည် မဟုတ်ပါ။

၂၂) အကယ်၍ Pulse အက်ပလီကေးရှင်းတွင် ဖြည့်စွက်ထားသော ဖုန်းနံပါတ်သည် မမှန်ကန်၊ မှားယွင်း၊ မပြည့်စုံ၊ အသုံးမပြုနိုင်ပါက ပြိုင်ပွဲပါဝင်ခွင့် ဖျက်သိမ်းသွားမည် ဖြစ်ပါသည်။

 

ဖျော်ဖြေပွဲအတွင်း လိုက်နာရန် စည်းမျဉ်းစည်းကမ်းများ

၁) SuperM အွန်လိုင်းဖျော်ဖြေပွဲကြီးနှင့် ပရိသတ်တွေ့ဆုံပွဲသည် ပရူဒန်ရှယ်အာမခံက SuperM Entertainment နှင့် ပူးပေါင်းကာ စီစဉ်ကျင်းပခြင်းဖြစ်သည်။

၂) ဖျော်ဖြေပွဲကို အင်္ဂလိပ်ဘာသာဖြင့် ကျင်းပမည်ဖြစ်သည်။

၃) ဖျော်ဖြေပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကွန်ပြူတာ၊ မိုဘိုင်းဖုန်းများနှင့် tablet များမှ ကြည့်ရှုနိုင်မည်ဖြစ်ပြီး အင်တာနက် browser များဖြစ်သည့် Chrome ၊ Firefox ၊ Safari ၊ Edge တို့တွင်သာ ဝင်ရောက်နိုင်မည်ဖြစ်သည်။ (Internet Explorer မပါဝင်ပါ။)

၄) ဖျော်ဖြေပွဲအား တိုက်ရိုက်ကြည့်ရှုနိုင်မည့် လင့်ခ်အား ပွဲမစခင် (၃၀) မိနစ်အလိုတွင် စတင်ဝင်ရောက်နိုင်မည်ဖြစ်သည်။

၅) ဖျော်ဖြေပွဲအား ထုတ်လွှင့်နေစဉ်နှင့် ထုတ်လွှင့်ပြီးချန်တွင် ပြိုင်ပွဲအနိုင်ရရှိသူများသည် ပွဲကို မှတ်တမ်းရိုက်ယူထားခြင်း သို့မဟုတ် အခြားပလက်ဖောင်းတစ်ခုခုတွင် ပြန်တင်ပေးခြင်းတို့ ပြုလုပ်ခွင့်မရှိပါ။ စည်းကမ်းဖောက်ဖျက်ခြင်းများကို တားမြစ်နိုင်ရန်အတွက် ပွဲစီစဉ်သူများက ပွဲကျင်းပနေစဉ်အတွင်း စောင့်ကြည့်နေမည်ဖြစ်ပါသည်။ တစ်စုံတစ်ယောက်မှ စည်းကမ်းချက်များ ဖောက်ဖျက်နေသည်ကို တွေ့ရှိပါက ပွဲစီစဉ်သူအနေဖြင့် ဖျော်ဖြေပွဲတွင် ပါဝင်ဆင်နွှဲခွင့်ကို ပယ်ဖျက်ခွင့်ရှိပြီး ဒဏ်ခတ်မှုများကိုလည်း ရင်ဆိုင်ရနိုင်ပါသည်။

၆) ယခုဖျော်ဖြေပွဲအား ပရူဒန်ရှယ်အာမခံမှ ကျင်းပခြင်း သို့မဟုတ် ထောက်ပံ့ပေးထားခြင်းမဟုတ်ပဲ ဖျော်ဖြေပွဲနှင့် ပတ်သက်သော ပြဿနာ တစ်စုံတစ်ရာ ရှိပါက ပရူဒန်ရှယ်အာမခံမှ တာဝန်ယူသွားမည် မဟုတ်ပါ။ (ပွဲနှောင့်နှေးမှုများ၊ ပွဲစတင်ရာတွင် အမှားအယွင်းများ၊ ရုပ်ထွက် သို့မဟုတ် ဖျော်ဖြေတင်ဆက်မှု အရည်အသွေး စသည်တို့ အပါအဝင်)

၇) အွန်လိုင်းဖျော်ဖြေပွဲနှင့် ပတ်သက်သည့် ထပ်ဆောင်းလိုက်နာရန် အချက်များကို ပွဲစီစဉ်သူများမှ ထုတ်ပြန်သွားမည်ဖြစ်သည်။